Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , , Jamie Foxx ရဲ့  မွေးနေ့ပွဲကို ကျင်းပပေးခဲ့တဲ့ Katie Holmes

Jamie Foxx ရဲ့  မွေးနေ့ပွဲကို ကျင်းပပေးခဲ့တဲ့ Katie Holmes

| 1 Comment



Katie Holmes နဲ့ Jamie Foxx တို့ဟာ တွဲခုတ်နေကြတယ်ဆိုတဲ့ ကောလာဟလတွေကို ငြင်းဆိုနေခဲ့တာ နှစ်နဲ့ချီ ကြာနေခဲ့ပါပြီ။ ဒါပေမယ့်လည်း ပြီးခဲ့တဲ့အပတ်ကတော့ Katie Holmes ဟာ La Bilboquet ဆိုတဲ့ ပြင်သစ်နိုင်ငံက စားသောက်ဆိုင်တစ်ခုမှာ Jamie Foxx ရဲက အသက် ၄၈ နှစ်ပြည့် မွေးနေ့ပါတီ ပွဲကျင်းပပေးခဲ့တယ်လို့ သိရပါတယ်။

သူတို့ဟာ တစ်ကယ်သူငယ်ချင်းကောင်းတွေပဲလား? အတွင်းလူတစ်ယောက်က Star မဂ္ဂဇင်း ကို ပြောပြခဲ့တာကတော့ သူတို့ဟာ သူငယ်ချင်းတွေထက်တော့ ပိုပါတယ်တဲ့။

Katie Holmes ဟာ အရင်တုန်းကတော့ သူမနဲ့ Jamie Foxx တို့တွဲနေတယ်ဆိုတဲ့ သတင်းကို ငြင်းဆိုခဲ့ဖူးပါတယ်။ ဒါပေမယ့်လည်း သူမဟာ Jamie Foxx နဲ့ ဟိုတယ်တစ်ခုမှာ လျှို့ ဝှက်စွာ တွေ့ ဆုံခဲ့ဖူးပါတယ်။ အတွင်းလူတစ်ယောက်က US Weekly ကို ပြောပြခဲ့တာကတော့ "Katie ဟာ အချစ်နဲ့တွေ့ နေပါပြီ။ သူမဟာ Jamie အတွက်ပါပဲ" လို့ ဆိုခဲ့ဖူးပါတယ်။

အသက် ၄၈ နှစ်အရွယ် Jamie Foxx နဲ့ အသက် ၃၆ နှစ်အရွယ် Katie Holmes တို့ဟာ သူတို့ရဲ့  အချစ်ရေးကို တရားဝင် ထုတ်ဖော်ပြောကြားခြင်းမရှိခဲ့ပါဘူး။ သူတို့ဟာ ကောလာဟလ တွေအရတော့ အောက်တိုဘာလ ၂၀၁၃ ခုနှစ်မှာ စတင် တွဲခဲ့တယ်လို့ သိရပါတယ်။

( Mario )

#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com

Ref : Starpulse