Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , Justin Bieber တည်းခိုနေတဲ့ ဟိုတယ်ကို ရဲ တွေလာရောက် စစ်ဆေးခဲ့

Justin Bieber တည်းခိုနေတဲ့ ဟိုတယ်ကို ရဲ တွေလာရောက် စစ်ဆေးခဲ့

| No comment



Justin Bieber နဲ့အတူ လန်ဒန်မြို့က ဟိုတယ် တစ်ခုရဲ့ ကပွဲခန်းမ ထဲမှာ ပါတီပွဲကျင်းပနေတဲ့ အမျိုးသမီးတစ်ဦးဟာ ရဲကိုဖုန်းဆက် ပြီး အကူအညီတောင်းခဲ့တာကြောင့် ရဲတပ်ဖွဲ့ဝင်တွေဟာ Justin Bieber ရှိတဲ့ ဟိုတယ်ကိုရောက်လာခဲ့ကြရပါတယ်။

လန်ဒန်မြို့ရဲတပ်ဖွဲ့ဝင်တွေက အတည်ပြုပြောကြားခဲ့တာကတော့ သူတို့ဟာ တနင်္လာနေ့က မနက် ၆ နာရီ ၁၅ ခန့်မှာ Justin Bieber တည်းခိုနေတဲ့ Rosewood ဟိုတယ်ကို သွားရောက်ခဲ့ရပြီး ဖုန်းဆက်တိုင်ကြားသူ အမျိုးသမီး ကို သွားရောက်စစ်ဆေးခဲ့ကြပါတယ်။

သူတို့ စစ်ဆေးခဲ့မှု အရတော့ ထိုအမျိုးသမီးဟာ ကျန်းမာရေး ကောင်းမွန်နေပြီး လုံခြုံနေတာကိုလည်း တွေ့ခဲ့ရပါတယ်။

Dailymail သတင်းဌာနရဲ့ ဖော်ပြချက်အရ ထိုအမျိုးသမီးဟာ တနင်္ဂနွေနေ့ညက Justin Bieber ရဲ့ Jingle Ball ဆိုတဲ့ ဖျော်ဖြေပွဲ အပြီးမှာ အခြား မိန်းကလေး သူငယ်ချင်းများနဲ့ အတူ Justin Bieber နဲ့ ဟိုတယ် ကပွဲခန်းမမှာ ပါတီပွဲကျင်းပနေခဲ့တာဖြစ်ပါတယ်။ ထိုအမျိုးသမီးဟာ ကပွဲခန်းမ ထဲမှာ ရှိနေစဉ် "ငါ့သူငယ်ချင်းတွေဘယ်မှာလဲ?ငါရဲခေါ်လိုက်တော့မယ်" လို့ အော်ဟစ်နေခဲ့တာဖြစ်ပါတယ်။

ရဲတပ်ဖွဲ့ဝင်တွေပြောကြားခဲ့တာကတော့ မှုခင်းဆန်တဲ့ အဖြစ်အပျက်တွေလည်း မဖြစ်ခဲ့သလို ဘာအရေးယူမှုမှလည်း မရှိခဲ့ဘူးလို့ သိရပါတယ်။ ရဲတပ်ဖွဲ့ဝင်တွေအနေနဲ့ Justin Bieber ရဲ့ အခန်းထဲထိ ၀င်ရောက်ရှာဖွေခဲ့ခြင်း ရှိ၊မရှိ ကိုတော့ မသိခဲ့ရပါဘူး။

( Mario )

#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com

Ref : TMZ