Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , , Calvin Klein နဲ့ အိပ်စက်ခဲ့ကြတဲ့ ဂျက်စတင်ဘီဘာနဲ့ ကန်ဒဲလ်ဂျင်နာ

Calvin Klein နဲ့ အိပ်စက်ခဲ့ကြတဲ့ ဂျက်စတင်ဘီဘာနဲ့ ကန်ဒဲလ်ဂျင်နာ

| 2 Comments

 နာမည်ကျော် အောက်ခံအဝတ်အစားတစ်ခုဖြစ်တဲ့ Calvin Klein ကတော့ သူတို့ရဲ့ ၂၀၁၆ နွေဦးရာသီကြော်ငြာ လှုံ့ဆော်မှုအဖြစ် သူတို့ရဲ့ ကြော်ငြာမော်ဒယ်တွေဖြစ်တဲ့  Justin Bieber (ဂျက်စတင်ဘီဘာ) နဲ့  Kendall Jenner (ကန်ဒဲလ်ဂျင်နာ) တို့ကို အိပ်ရာထဲမှာ အိပ်စက်နေတဲ့စတိုင်နဲ့ ဓာတ်ပုံတွေရိုက်ခဲ့ပါတယ်။




သူတို့နှစ်ယောက်ကိုတော့ တစ်ယောက်တစ်အိပ်ရာစီမှာ ရိုက်ကူးမှုတွေပြုလုပ်ခဲ့တာဖြစ်ပြီး သူတို့နှစ်ယောက်တွဲရိုက်ကူးမှုတွေကိုတော့ ပြုလုပ်ခဲ့ခြင်းမရှိပါဘူး။ ကန်ဒဲလ်ကတော့ သူမရဲ့ ခန္ဒာကိုယ်အလှနဲ့အတူ ဓာတ်ပုံရိုက်ကူးခံခဲ့ပြီး သူမရဲ့ လက်ကို ရင်ဘတ်ပေါ်ကို တင်ထားတဲ့ အနေအထားနဲ့ ရိုက်ကူးခံခဲ့တာကို တွေ့ရပါတယ်။






ဂျက်စတင်ဘီဘာကတော့ သူ့ရဲ့ အပေါ်ပိုင်းဗလာနဲ့ ဘောက်ဆာဘောင်းဘီ ဝတ်ဆင်ပြီး အိပ်မောကျနေတဲ့ ပုံစံမျိုးနဲ့ ဓာတ်ပုံအရိုက်ခံခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ Calvin Klein က သူတို့ရဲ့ တရားဝင် Instagram စာမျက်နှာပေါ်မှာ တင်ထားခဲ့ပြီး “Calvin နဲ့အတူ အိပ်မက်မက်နေတယ်” လို့ ရေးသားထားခဲ့တာကိုလည်း တွေ့ရပါတယ်။



( Paing A K )


#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com

Ref : Aceshowbiz