Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / ဒုတိယ မြောက်ရင်သွေးလေး ကို မွေးဖွားခဲ့တဲ့ Alicia Key

ဒုတိယ မြောက်ရင်သွေးလေး ကို မွေးဖွားခဲ့တဲ့ Alicia Key

| No comment

Diary သီချင်းရဲ့ အဆိုတော် Alicia Key ဟာ ဒုတိယ မြောက်ရင်သွေးလေး ကို မွေးဖွားပြီး ကလေး၂ယောက် မိခင်ဖြစ်လာခဲ့ပါပြီ။ အသက် ၃၃ နှစ် ရှိနေပြီဖြစ်တဲ့ အဆိုတော် မလေး Alicia Key နဲ့ သူမရဲ့ ခင်ပွန်း ရပ်ပါ Swizz Beatz တို့ဟာ သူတို့ရဲ့ ဒုတိယမြောက် ရင်သွေးဟာ သားလေးဖြစ်တယ်လို့ တရားဝင်ပြောဆိုလိုက်ပါတယ်။
 ထို ရင်သွေးလေးရဲ့ ဓါတ်ပုံနဲ့ ခြေရာ ဓါတ်ပုံကို လည်း Instagram မှာ တင်ထားခဲ့ပါတယ်။ Genesis Ali Dean လို့အမည်ပေးထားတဲ့ Alicia Key နဲ့ Swizz Beatzz တို့ရဲ့ ဒုတိယမြောက်ရင်သွေးလေးဟာ ဒီဇင်ဘာ ၂၇ ရက်နေ့ မနက် ၁ နာရီ ၅၂ မိနစ် မှာ မွေးဖွားခဲ့ပြီး မွေးဖွားချိန်မှာ ၆ ပေါင် နဲ့ ၅ အောင်စ ရှိပါတယ်။ Alicia Key တို့စုံတွဲမှာ အသက် ၃ နှစ် ရှိနေပြီဖြစ်တဲ့ Egypt ဆိုတဲ့ သားတစ်ယောက်လည်းရှိပါတယ်။ 

Credit : http://www.lifeandstylemag.com