Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / ၂၀၁၄ ခုနှစ်ရဲ့ အမျိုးသမီးဝါဒီ အဖြစ်သတ်မှတ်ခံခဲ့ရတဲ့ Emma Watson

၂၀၁၄ ခုနှစ်ရဲ့ အမျိုးသမီးဝါဒီ အဖြစ်သတ်မှတ်ခံခဲ့ရတဲ့ Emma Watson

| No comment

လူငယ်တို့ရဲ့ အသည်းစွဲ ဟယ်ရီပေါ်တာ ဇာတ်လမ်းရဲ့ မင်းသမီး Emma Watson ဟာ ၂၀၁၄ ခုနှစ်ရဲ့ အမျိုးသမီးဝါဒီ အဖြစ် Cosmopolitan သတင်းဋ္ဌာန ရဲ့ သတ်မှတ်ခြင်းကိုခံခဲ့ရပါတယ်။
Emma Watson ဟာ စက်တင်ဘာလ မှာတုန်းက #HeForShe အစီအစဉ် အတွက် ကုလသမဂ္ဂ မှာ အမျိုးသားအမျိုးသမီး တန်းတူညီမျှရေးအတွက် မိန့်ခွန်းပြောခဲ့တဲ့အတွက် ယခုလိုသတ်မှတ်ခံခဲ့ရတာ ဖြစ်ပါတယ်။

ကမ္ဘာတစ်ဝှမ်းလုံးက အမျိုးသမီး ၀ါဒီ တွေဟာလည်း သူမ ပြောကြားခဲ့တဲ့ စကားလုံးတွေအတွက် လက်ခုပ်တီးပေးခဲ့ကြပါတယ်။ 

Emma Watson ဟာ အခြားအမျိုးသမီး ၀ါဒီ တွေဖြစ်တဲ့ - “Orange is the New Black” ဇာတ်လမ်းရဲ့မင်းသမီး Laverne Cox ၊ တီဗွီ အစီအစဉ်တင်ဆက်သူ Rachel Maddow ၊ အဆိုတော် Beyonce နဲ့ Cher တို့ကို ကျော်ဖြတ် ပြီး ထိုသတ်မှတ်မှု ကိုရခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။

Emma Watson ဟာ လက်ရှိမှာလည်း “Noah” ၊ “This is The End” တို့မှာ ပါဝင်သရုပ်ဆောင်ထားပြီး အသစ်ထွက်ရှိလာမယ့် “Regression” နဲ့ “Colonial Dignidad” တို့မှာလည်းပါဝင်လာဦးမှာဖြစ်ပါတယ်။