Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / ထောင်ဒဏ် ၃ နှစ် ပစ်ဒဏ် ချမှတ် ခြင်း ခံလိုက်ရတဲ့ Jackie Chan ရဲ့ သား

ထောင်ဒဏ် ၃ နှစ် ပစ်ဒဏ် ချမှတ် ခြင်း ခံလိုက်ရတဲ့ Jackie Chan ရဲ့ သား

| No comment
တရုတ် ကွန်ဖူး မင်းသားကြီး Jackie Chan ရဲ့ သားဖြစ်သူ အသက် ၃၂ နှစ် အရွယ် Jaycee Chan ဟာ မူးယစ်ဆေးဝါး သုံးစွဲမှုနဲ့ တရုတ် အာဏာပိုင်တွေရဲ့ ထောင်ဒဏ် ၃ နှစ် ချမှတ် ခြင်းကို ခံခဲ့ရပါတယ်။ 
Jaycee Chan နဲ့ ထိုင်ဝမ် သရုပ်ဆောင် Ko Kai တို့ဟာ သြဂုတ်လက ဆေးခြောက် လက်ဝယ် တွေ့ရှိမှုနဲ့ အဖမ်းခံခဲ့ရပြီး သူတို့ ၂ ဦးလုံးကို ဆေးခြောက်သုံးစွဲမှု ရှိ/မရှိ စစ်ဆေးခဲ့ပြီး သုံးစွဲခဲ့ကြောင်း ထင်ရှားခဲ့တဲ့ အတွက် ထောင်ဒဏ် ၃ နှစ် ကျခံဖို့ အမိန့်ချမှတ်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။ 
သားဖြစ်သူ Jaycee Chanရဲ့ လုပ်ရပ်ဟာ ၂၀၀၉ ခုနှစ်က ဘေဂျင်းမှာ မူးယစ်ဆေးဝါး ပပျောက်ရေး သံတမန် ခန့်အပ်ခံခဲ့ရတဲ့ ဖခင်ဖြစ်သူ Jackie Chan ကို ထိခိုက်စေခဲ့ပါတယ်။ 
ထိုဖြစ်ရပ်တွေနဲ့ပတ်သက်ပြီး Jackie Chan က သူ့သားအတွက် အရမ်းကို အရှက်ရမိကြောင်းနဲ့ လူငယ်တွေအနေနဲ့ Jaycee Chan ကို ဥပမာထားပြီး မူးယစ်ဆေးဝါး မသုံးကြဖို့ ပြောထားပါတယ်။