Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / ချစ်သူ ကောင်မလေးကို လေယာဉ်ပေါ်မှာစေ့စပ်ခွင့် တောင်းခဲ့တဲ့ Ludacris

ချစ်သူ ကောင်မလေးကို လေယာဉ်ပေါ်မှာစေ့စပ်ခွင့် တောင်းခဲ့တဲ့ Ludacris

| No comment

ရပ်ပါဘိုးအေကြီး Ludacris ဟာ သူ့ရဲ့ ချစ်သူ ကောင်မလေးကို ဆန်းကြယ်စွာနဲ့ စေ့စပ်ခွင့်တောင်းခဲ့တယ်လို့ သိရပါတယ်။ အသက် ၃၆ နှစ်ရှိနေပြီဖြစ်တဲ့ Ludacris ဟာ သူ့ရဲ့ချစ်သူကောင်မလေး Eudoxie Agnan ကို ဒီဇင်ဘာ ၂၆ ရက်နေ့က သူတို့ ၂ ဦးလုံး လေယာဉ်ပေါ်မှာ ရှိနေစဉ်မှာ ပဲ သူ့ရဲ့ချစ်သူကောင်မလေးကို ဒူးထောက်ပြီး စေ့စပ်ခွင့်တောင်းခဲ့တာဖြစ်ပါတယ်။
 သူ့ရဲ့ချစ်သူကောင်မလေးကလည်း သာမန်အတိုင်း Yes လို့မဖြေနိုင်တော့ပဲ ၀မ်းသာစွာနဲ့ Hell Yes လို့ပြန်ဖြေခဲ့တယ်လို့သိရပါတယ်။ ဒါကို Ludacris ကလည်း သူ့ရဲ့ Instagram မှာ သူမဟာ Yes လို့ မပြောခဲ့ပါဘူး။ဒါပေမယ့် Hell Yes လို့ပြန်ပြောခဲ့ပါတယ်လို့ ဟာသဆန်စွာနဲ့ ရေးသားခဲ့ပြီး သူတို့စုံတွဲရဲ့ ဓါတ်ပုံကိုလည်း #milehighproposal လို့ခေါင်းစဉ်ပေးပြီး Instagram မှာတင်ထားခဲ့ပါတယ်။

Credit : http://www.lifeandstylemag.com