Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / အင်တာနက်မှာ ရေပန်းအစားဆုံးဖြစ်လာတဲ့ Sony ရဲ့ The Interview

အင်တာနက်မှာ ရေပန်းအစားဆုံးဖြစ်လာတဲ့ Sony ရဲ့ The Interview

| No comment

အင်တာနက်မှာ ရေပန်းအစားဆုံးဖြစ်လာတဲ့ Sony ရဲ့ The Interview Sony Picture ရဲ့ The Interview ဇာတ်လမ်းဟာ Hack လုပ်ခံရပြီးတဲ့နောက်မှာ ရုံတင်ပြသစရာမလိုပဲ အင်တာနက် ၀န်ဆောင်မှုတွေကတစ်ဆင့် ရေပန်းအစားဆုံး ဇာတ်လမ်းတစ်ပုဒ် ဖြစ်လာပါတယ်။ထိုဇာတ်လမ်းဟာ ဒစ်ဂျစ်တယ် ဌားရမ်းမှုတွေကတစ်ဆင့် ၄ ရက်အတွင်း ဒေါ်လာ ၁၅ သန်း အထိ ၀င်ငွေရရှိခဲ့ပြီး မြောက်ကိုရီးယားနဲ့ ပတ်သက်ပြီး ရိုက်ကူးထားတဲ့ ဟာသရုပ်ရှင်ဟာ အွန်လိုင်းနံပါတ် ၁ ရုပ်ရှင်တစ်ခု ဖြစ်နေပါပြီ။ ထိုဇာတ်လမ်းဟာ Google Play နဲ့ YouTube တို့က တစ်ဆင့်ရောင်းချခဲ့ပြီး ၀ယ်ယူသူ ၂သန်း ခန့်ထံမှ ၀င်ငွေ ၁၅ သန်းအထိ ရရှိခဲ့တာဖြစ်ပါတယ်။ ထိုဝင်ငွေဟာ ရုံတင်ပြသတာထက် ပိုပြီး ရရှိခဲ့ပါတယ်။ Sony Picture ဟာ နောက်ထပ်ရုံတင်ပြသ ဖို့ အစီအစဉ် ရှိ/မရှိကို မပြောနိုင်ပေမယ့်လည်း လွန်ခဲ့တဲ့ ရက်အနည်းငယ်က Hack လုပ်ခံရမှု ကြားက နေ မီဒီယာ လောက ရဲ့ ကျယ်ပြန့်မှုကြောင့် အောင်မြင်မှု ရရှိခဲ့ပါသေးတယ်။

Credit : http://www.engadget.com