Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / ခရစ္စမတ် အကြိုပွဲတော် ဆင်နွှဲရင်း လက်မှာ ထိခိုက် ဒဏ်ရာရခဲ့တဲ့ U2 အဖွဲ့ရဲ့ ရှေ့ထွက် အဆိုတော် ဘိုနို

ခရစ္စမတ် အကြိုပွဲတော် ဆင်နွှဲရင်း လက်မှာ ထိခိုက် ဒဏ်ရာရခဲ့တဲ့ U2 အဖွဲ့ရဲ့ ရှေ့ထွက် အဆိုတော် ဘိုနို

| No comment
လက်မှာ ဒဏ်ရာရရှိနေတဲ့ ဘိုနို ကိုတွေ့ရစဉ်
U2 အဖွဲ့ရဲ့ ရှေ့ထွက် အဆိုတော် ဘိုနို ဟာ နယူးယော့ခ် မြို့မှာ စက်ဘီးစီးပြီး မတော်တဆမှု ဖြစ်ထားပြီး ရက်အနည်းငယ်အကြာမှာပဲ ဒူဘလင် မြို့မှာ ခရစ္စမတ် အကြိုပွဲတော်ကို ဆင်နွှဲရင်း လက်မှာ ထပ်မံ ထိခိုက် ဒဏ်ရာရခဲ့ပြန်ပါပြီ။

ဗုဒ္ဓဟူးနေ့က ဒူဘလင်မြို့မှာရှိတဲ့ The Cliff Townhouse မှာ ခရစ္စမတ် အကြိုပွဲတော် ဆင်နွှဲရင်း နဲ့ လက်မှာ ထိခိုက်ဒဏ်ရာရခဲ့တာ ဖြစ်ပြီး ရောင်ခြည်ဖြင့် စစ်ဆေး ကြည့်တဲ့အခါမှာတေွာှ့၇င် မတော်တဆ ဖြစ်ပွားခဲ့တဲ့ ဒဏ်ရာနဲ့ပေါင်းပြီး သူ့ရဲ့တံတောင် ဆစ်နားမှာ အီဖယ်လ် မျှော်စင်နဲပ အလား သဏ္ဍန်တူတဲ့ အရိုးဖွဲ့စည်းပုံ ပြောင်းလဲမှုကိုတွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။

နောက်နှစ်ထဲ မြောက်အမေရိက မှာ ကျင်းပမယ့် U2 ရဲ့ နယ်လှည့်ဖျော်ဖြေပွဲတွေအမီ သူ့ရဲ့ လက်က ဒဏ်ရာတွေ ပြန်လည်ကောင်းမွန်လာဖို့ Bono ကမျှော်လင့်ထားပြီး သူဟာ နောက်လ နည်းငယ်လောက် အနားယူဖို့ ဆရာဝန်တွေရဲ့ အကြံပြုခြင်းကို ခံထားရတယ်လို့ လည်း သိရပါတယ်။