Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / ပြောင်းလဲတင်ဆက်တော့မယ် “ Beauty And The Beast “ ရုပ်ရှင်ဇာတ်ကားမှာ Belle အဖြစ် ပါဝင်သရုပ်ဆောင်မည်

ပြောင်းလဲတင်ဆက်တော့မယ် “ Beauty And The Beast “ ရုပ်ရှင်ဇာတ်ကားမှာ Belle အဖြစ် ပါဝင်သရုပ်ဆောင်မည်

| No comment

Emma Watson ဟာရုပ်ရှင်အဖြစ် အသက်သွင်းတော့မည့် Beauty and the Beast ဇာတ်ကားမှာ Disney မင်းသမီးလေး Belle အဖြစ် ပါဝင်သရုပ်ဆောင်ဖို့ ကမ်းလှမ်းခြင်း ခံထားရပါတယ်။ ၂၀၁၁ ခုနှစ် က Wanner Bros က ဒါရိုက်တာ Guillermo del Toro နဲ့ ရိုက်ကူးဖို့ စီစဉ်ခဲ့တဲ့ ဇာတ်ကားမှာလည်း Emma ဟာ သရုပ်ဆောင်ဖို့ ရွေးချယ်ခံ ခဲ့ရပါတယ်။
ဒါပေမယ့် ဒီအစဉ်အစဉ်ဟာ ဒါရိုက်တာ Guillermo del Toro က နှုတ်ထွက်သွားပြီး လွန်ခဲ့တဲ့ နွေဦးရာသီ အထိ ဆိုင်းငံ့ထားခဲ့ရပါတယ်။ Disney က Warner Bros က ဦးစွာရွေးချယ်ထားခဲ့တဲ့ Watson ကိုပဲ သူတို့ရဲ့ ရုပ်ရှင်အတွက် ထပ်မံရွေးချယ် ခဲ့ပါတယ်။ Waston က သူရဲ့ ဖေ့စ်ဘွတ် စာမျက်နှာမှာ နောက်ဆုံးတော့ ပရိတ်သတ်ကြီးကို ကျွန်မ Dinsey က ရုပ်ရှင် အဖြစ်ပြန်လည် အသက်သွင်းမယ့် “Beauty and the Beast’!” မှာ ပါဝင် သရုပ်ဆောင်ခွင့် ရတဲ့အကြောင်းပြောပြနိုင် ပါပြီလို့ တနင်္လာနေ့ က ရေးသားဖော်ပြ ခဲ့ပါတယ်။
 ဒီအခွင့်အရေးဟာ ကျွန်မရဲ့ ကြီးပြင်းလာတဲ့ သက်တမ်းတစ်လျှောက်မှာ ကြီးမားတဲ့ မှတ်တိုင် တစ်ခု ဖြစ်လာ မှာပါ ပြီးတော့ “Be Our Guest” ဆိုတဲ့ သီချင်းနဲ့ ကပြ သရုပ်ဆောင်မှာဖြစ်ပြီး “Something There” ဆိုတဲ့ သီချင်းကိုလည်း ကိုယ်တိုင်သီဆိုခွင့် ရတာ ကျွန်မအတွက်တော့ အိပ်မက်မက်နေရသလိုပါပဲ။ သီချင်း သီဆို လေ့ကျင့်ဖို့  နည်းနည်းလေးမှ ထပ်မစောင့်နိုင်တော့ပါဘူး လို့လည်း ရေးသားထားခဲ့ပါတယ်။ ရုပ်ရှင်ကို ၂၀၁၅ နှစ်ကုန်ပိုင်းမှာ ရိုက်ကူးမှုတွေ စတင်ပြု လုပ်မှာဖြစ်ပါတယ်။


Credit : http://www.starpulse.com/news