Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / Billboard ရဲ့ နံပါတ် ၁ နေရာမှာ ရောက်ရှိနေတဲ့ Fall Out Boy

Billboard ရဲ့ နံပါတ် ၁ နေရာမှာ ရောက်ရှိနေတဲ့ Fall Out Boy

| No comment

ဂီတ လောက မှာ မထင်မှတ်ထားတာတွေပဲ ဆက်တိုက်ဖြစ်ပွားနေတဲ့ ၂၀၁၅ ခုနှစ်ရဲ့ ဇန်န၀ါရီလ ကုန်ဆုံးချိန် မှာ တော့ Taylor Swift ဟာ Billboard ရဲ့ နံပါတ် ၁ နေရာ ကနေ ဖယ်ပေးလိုက်ရပါပြီ။ Taylor Swift ရဲ့  နေ
ရာကို ၀င်ရောက် လာတာကတော့ American Beauty/American Psycho ဆိုတဲ့ အခွေ အသစ် နဲ့ ပြန်လည်အောင်မြင် လာတဲ့ Fall Out Boy အဖွဲ့  ပဲဖြစ်ပါတယ်။
Fall Out Boy ရဲ့ အရင်အခွေတွေဟာလည်း အောင်မြင်ခဲ့ပါတယ်။ ၂၀၀၇ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Infinity On High နဲ့ ၂၀၁၃ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Save Rock and Roll တို့ဟာလည်း Billboard ရဲ့ ရောင်းအား အကောင်း ဆုံးစာရင်းမှာ ရှိခဲ့ဖူးပါတယ်။
 သို့ပေမယ့်လည်း အခု ဇန်န၀ါရီလမှာပဲ သူတို့အဖွဲ့ရဲ့  အခွေသစ် American Beauty/American Psycho ဟာ အချပ်ရေပေါင်း ၁၉၂၀၀၀ ကျော်ရောင်း ချနိုင်ခဲ့တယ်လို့ သိရပါတယ်။ Centuries ၊ Uma Thurman နဲ့ Immortals စတဲ့ သီချင်းတွေဟာ ထိုအခွေထဲမှာ ပါဝင်တဲ့ ကော်မာရှယ် အဖြစ်ဆုံး သီချင်းတွေပဲ ဖြစ်ပါတယ်။ 


Credit : http://www.starpulse.com/news