Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / အိန်ဂျလီနာဂျိုလီနဲ့ ဘရက်ပစ်တို့ဟာ ပြင်သစ်က မင်္ဂလာပွဲမတိုင်ခင်ကတည်းက လက်ထပ်ထားပြီး

အိန်ဂျလီနာဂျိုလီနဲ့ ဘရက်ပစ်တို့ဟာ ပြင်သစ်က မင်္ဂလာပွဲမတိုင်ခင်ကတည်းက လက်ထပ်ထားပြီး

| No comment

အိန်ဂျလီနာဂျိုလီနဲ့ ဘရက်ပစ်တို့ဟာ လင်မယားတွေဖြစ်သော်လည်း ပြီးခဲ့တဲ့နှစ်ထဲပြင်သစ်က ၄င်းတို့ရဲ့ နေအိမ်မှာတကယ် လက်ထပ်ခဲ့ကြတာ မဟုတ်ပါဘူးလို့ ဂျိုလီကထုတ်ဖော်ပြောကြားလိုက်ပါတယ်။
 ဒီစုံတွဲဟာ သြဂတ်စ်လတုန်းကလည်း သူတို့ရဲ့ စံအိမ်ကြီးမှာ သီးသန့်မင်္ဂလာပွဲလေး ကျင်းပခဲ့ပါသေးတယ်တဲ့။
 ဒါပေမယ့် အဲဒါကလည်းသူတို့ရဲ့ ပထမဆုံးလျှို့ဝှက်လက်ထပ်ပွဲ မဟုတ်ခဲ့ပြန်ပါဘူး။ မင်းသမီးဂျိုလီကပြင်သစ်မှာ ကလေးတွေနဲ့အတူ မင်္ဂလာပွဲမကျင်းပခင်ကတည်းက ဘရက်နဲ့ကျွန်မတို့ ကယ်လီဖိုးနီးယားမှာ လက်ထပ်ခဲ့ပြီးသားပါ။
 အမေရိကန်နိုင်ငံသားတွေဖြစ်တဲ့ အတွက်ပြင်သစ်မှာ တရားဝင်လက်ထပ်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူးလို့ Corrieredella Sera မဂ္ဂဇင်းကိုဖြေကြားခဲ့ပါတယ်။ သူတို့ရဲ့ တရားဝင် မင်္ဂလာပွဲဟာလည်း အကြီးအကျယ် ကျင်းပခဲ့တာမဟုတ်ပါဘူး။
 တစ်နေ့ ညနေ ၄နာရီ ခွဲလောက်တွေ့ရအောင် ဆိုပြီး ကျွန်မက ဘရက်ကိုပြောလိုက်တယ်။ ပြီးတော့ တရားသူကြီး တစ်ယောက်ကိုခေါ်ပြီး ကျွန်မတို့ စာချုပ်မှာ လက်မှတ်ထိုးခဲ့ကြတယ်လို့ သူကပြောသွားခဲ့ပါတယ်။ 


Credit : http://www.starpulse.com/news