Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / မုတ်ဆိတ်မွှေးလေဒီ Conchita Wurst ရွှေကမ္ဘာလုံးဆုပေးပွဲအခမ်းအနားသို့ တက်ရောက်

မုတ်ဆိတ်မွှေးလေဒီ Conchita Wurst ရွှေကမ္ဘာလုံးဆုပေးပွဲအခမ်းအနားသို့ တက်ရောက်

| No comment

ရွှေကမ္ဘာလုံး ဆုပေးပွဲအခမ်းအနားရဲ့ ကော်ဇောနီပေါ်မှာ မုတ်ဆိတ်မွှေးလေဒီ Conchita Wurst တက်ရောက် လျှောက်လှမ်းခဲ့တဲ့အတွက် စိတ်ဝင်စားစရာ အကောင်းဆုံး တနင်္ဂနွေညနေခင်း တစ်ခု ဖြစ်ခဲ့ပါတယ်။
Wurst ဟာ အသက် ၂၆နှစ် ရှိပြီဖြစ်ပြီး သြစတေးလျနိုင်ငံသား အဆိုတော်၊ အမျိုးသမီးလို  ၀တ်စားဆင်ယင်သူ၊ အဖော်အချွတ် အကပညာရှင် အဖြစ် မေလက ပြုလုပ်ကျင်းပခဲ့တဲ့ ယူရိုဗီးရှင်း သီချင်းဆိုပြိုင်ပွဲမှာ ဆုရရှိခဲ့ပြီးနောက် နာမည်ကျော်ကြားလာသူ တစ်ယောက်ဖြစ်ပါတယ်။
Wurst ဟာ အစိမ်းရောင် ကတ္တီပါညနေခင်းဝတ်စုံကို ၀တ်ဆင်ပြီး သူရဲ့ခြေသလုံးအလှနဲ့ ရင်နှစ်မွှာကို လှစ်ပြသခဲ့ပါတယ်။Gay Icon တစ်ယောက်ဖြစ်တဲ့သူဟာ ကလေးဘ၀ကတည်းက မိန်းကလေး အ၀တ်အစားတွေကို ၀တ်ဆင်ခဲ့ပြီး သိပ်မကြာခင်ကပဲ သူရဲ့ မျက်နှာပေါ်က အမွှေးအမျှင်တွေနဲ့ ပတ်သက်ပြီး CR ဖက်ရှင်စာအုပ်မှာ ပွင့်ပွင့်လင်းလင်း ပြောဆိုဖြေကြားခဲ့ပါတယ်။
ဘာဖြစ်လို့ မုတ်ဆိတ်မွှေးကျင်စွယ်တွေ ထားတာလဲဆိုပြီး အမြဲတမ်း အမေးခံရပါတယ်တဲ့။ သူ့အတွက် ဒီမုတ်ဆိတ်မွှေးတွေက အများကြီး အဓိပ္ပါယ်ရှိပါတယ်။
 ကိုယ်ရဲ့ ရုပ်အသွင်အပြင် ပုံပမ်းသဏ္ဍာန်ထက် ပိုပြီးအရေးကြီးတာတွေရှိပြီး အရာရာတိုင်းမှာ အောင်မြင်တဲ့လှပတဲ့ ဘ၀တွေကိုလည်း ဖန်တီး တည်ဆောက်နိုင်တာ ကို ပြသချင်လို့ပါလို့ သူက ရှင်းလင်းဖြေကြားခဲ့ပါတယ်။ 


Credit : http://www.starpulse.com/news