အမေရိကန် ကွန်ရက် ဟာ အမေရိကန် သူလျှို ဇာတ်လမ်းတစ်ခု ဖြစ်တဲ့ Covert Affairs ဇာတ်လမ်းတွဲကို ၅ခု မြောက် အစီအစဉ် အပြီးမှာ ရပ်နားလိုက်တယ်လို့သိရပါတယ်။
ကြည့်ရှုသူ ၂ သန်း ခန့်ရှိနေပြီဖြစ်တဲ့ ထို ဒရမ်မာ ဇာတ်လမ်းမှာ Piper Perabo နဲ့ Christopher Gorham တို့က ၀င်ရောက် သရုပ်ဆောင်ထားတာဖြစ်ပါတယ်။ အခုလိုရပ်နားလိုက်တဲ့ သတင်းကိုတော့ Entertainment Weekly သတင်းဌာနက အတည်ပြု ဖော်ပြခဲ့တာဖြစ်ပါတယ်။
ထို Covert Affairs ဇာတ်လမ်းတွဲဟာ ၂၀၁၀ ခုနှစ်မှာ စတင် ခဲ့ပြီး ဇာတ်လမ်းတွဲ တစ်ခုစီတိုင်းမှာ ကြည့်ရှုသူ ၅ သန်းခန့် အထိ ရှိခဲ့ပေမယ့် နောက်ဆုံးထုတ်လုပ်ခဲ့တဲ့ ၅ခု မြောက် ဇာတ်လမ်းတွဲကတော့ ၁.၅၉ သန်းသာ ကြည့်ရှုသူအရေအတွက် ရှိခဲ့ပါတယ်။
အခုလို ထုတ်လုပ်မှု ရပ်နားလိုက်ရခြင်းဟာ ကြည့်ရှုသူ အရေအတွက် လျော့ကျသွားတာ ကြောင့်ဖြစ်တယ်လို့ Covert Affairs ရဲ့ ပရိတ်သတ်တွေက ဆိုပါတယ်။