Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / ရထားတိုက်မိပြီး သေဆုံးသွားခဲ့တဲ့ ကာယဗလမောင် Gregg Plitt

ရထားတိုက်မိပြီး သေဆုံးသွားခဲ့တဲ့ ကာယဗလမောင် Gregg Plitt

| No comment

စနေနေ့က ကာယဗလမောင် တစ်ယောက်ဖြစ်တဲ့ Gregg Plitt ဟာ ရထားတိုက်မိပြီး သေဆုံး သွားခဲ့ ရ ပါတယ်။ မော်ဒယ် သရုပ်ဆောင် တစ်ယောက်လည်းဖြစ်တဲ့ ကာယဗလမောင် Gregg Plitt ဟာ ကယ်လီဖိုးနီးယား ပြည်နယ် လော့စ်အိန်ဂျလိစ် မြို့က ရထားလမ်းတစ်ခုမှာ ကြော်ငြာတစ်ခု ရိုက်ကူးနေစဉ်မှာ မြို့ပတ် ရထားတစ်စီးက တိုက်မိခဲ့တာဖြစ်ပါတယ်။
 အသက် ၃၇ နှစ်အရွယ် Gregg Plitt ဟာ အခင်း ဖြစ်ပွားစဉ်မှာ သူငယ်ချင်းတွေ အများကြီးနဲ့ အတူတူ ရှိနေခဲ့ တဲ့အတွက် Plitt ရဲ့ သေဆုံးမှုနဲ့ ပတ်သက်ပြီး ထိုသူငယ်ချင်းတွေ ကိုလည်း စုံးစမ်းစစ်ဆေး သွားမယ်လို့ ရဲတပ်ဖွဲ့က ဆိုပါတယ်။
 Gregg Plitt ဟာ Calvin Klein ၊ UnderArmourနဲ့ Old Navy ကုမ္ပဏီများရဲ့ မော်ဒယ် တစ်ယောက်ဖြစ်ပြီး “Terminator Salvation” နဲ့ “Grudge Match” အစရှိတဲ့ ရုပ်ရှင်ဇာတ်ကားများမှာ ပါဝင် သရုပ်ဆောင် ခဲ့ တယ် လို့ သိရပါတယ်။ 


Credit : http://www.starpulse.com/news