Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / နာမည်ကြီးအနုပညာ ရှင် ၃ သိန်း ကျော်နဲ့ အင်တာဗျူးပြုလုပ်ခဲ့ဖူးတဲ့ Joe Franklin ကွယ်လွန်

နာမည်ကြီးအနုပညာ ရှင် ၃ သိန်း ကျော်နဲ့ အင်တာဗျူးပြုလုပ်ခဲ့ဖူးတဲ့ Joe Franklin ကွယ်လွန်

| No comment

ရေဒီယို နဲ့ တယ်လီဗေးရှင်း လောကကို ဦးဆောင်ခဲ့သူ တစ်ယောက်ဖြစ်တဲ့ Joe Franklin ဟာ အသက် ၈၈ နှစ်မှာ ကွယ်လွန်သွားခဲ့ပါတယ်။ “Joe ဟာ မမျှော်လင့်ပဲ စနေနေ့ညက သေဆုံးသွားခဲ့ပါတယ်။ ပြီးခဲ့တဲ့ ၂ ပတ်တုန်းကတော့ သူဟာ နှစ်ပေါင်း ၆၀ ကျော်က အစီအစဉ် တစ်ခုကို သတိရနေခဲ့သေးတယ်” လို့ သူ့ရဲ့ သူငယ်ချင်း တစ်ယောက်ဖြစ်တဲ့ Steve Garrin ကဆိုပါတယ်။ 
Franklin ဟာ Late-night ရေဒီယို နဲ့ နယူးယော့ခ် မြို့တော် တီဗွီ အစီအစဉ်တို့မှာ အချိန်ကြာ အလုပ်လုပ်ခဲ့ ပြီး WJZ,WOR နဲ့ Bloomberg ရေဒီယို ကွန်ရက်တို့မှာလည်း အလုပ်လုပ် ခဲ့ပါသေးတယ်။ ဒါ့အပြင် Franklin ဟာ ရုပ်သံ တွေ့ဆုံမေးမြန်းခန်းတွေရဲ့  ဦးဆောင်သူတစ်ယောက် လည်းဖြစ်ခဲ့ ပါတယ်။ 
သူဟာ Woody Allen,Dustin Hoffman,Lou Giordano,Barbara Streisand,Bill Cosby,Beastie Boys, Liza Minnelli  တို့ အပါအ၀င် နာမည်ကြီး အနုပညာရှင် ၃ သိန်း ကျော်နဲ့ အင်တာဗျူး ပြုလုပ် ခဲ့ဖူးပါ
တယ်။ Franklin ဟာ Manhattan, Ghostbusters နဲ့ Broadway Danny Rose စတဲ့ နာမည်ကြီး ဇာတ်လမ်း တွေမှာလည်း ပါဝင် သရုပ်ဆောင်ခဲ့ဖူးတယ် လို့သိရပါတယ်။


Credit : http://www.starpulse.com/news