Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / ကောလဟာလတွေထွက်နေတဲ့ Johnny Depp နဲ့ Amber Heard တို့ရဲ့ ဆက်ဆံရေး

ကောလဟာလတွေထွက်နေတဲ့ Johnny Depp နဲ့ Amber Heard တို့ရဲ့ ဆက်ဆံရေး

| No comment

နှစ်ဦးသားဆက်ဆံရေးနဲ့ ပတ်သက်ပြီးကောလဟာလတွေ ထွက်နေခဲ့တဲ့ Johnny Depp နဲ့ Amber Heard တို့နှစ်ဦးကတော့ စနေနေ့ညက ပြုလုပ်ခဲ့တဲ့ သတ္တမအကြိမ်မြောက် Heaven Gala အနုပညာပြပွဲ ရဲ့ ကော်ဇောနီပေါ်မှာ  အတူတကွ လျှောက်လှမ်းလာခဲ့ကြပြန်ပါတယ်။
ပရိတ်သတ်တွေရှေ့မှာ သူတို့ရဲ့ချစ်ခြင်းမေတ္တာတွေ ပြသတဲ့အနေနဲ့ နှစ်ဦးသားဟာ လုံးဝလက်တွဲမဖြုတ်ခဲ့တဲ့ အပြင် ပြင်သစ်စတိုင် အနမ်းလေးတွေတောင် ခြွေခဲ့ ကြပါသေးတယ်။ ၂၀၁၃ ခုနှစ်   နှစ်ကုန်ပိုင်းကစေ့စပ် ခဲ့ကြတဲ့ ဒီစုံတွဲဟာ ပြီးခဲ့တဲ့လတုန်းကတော့ သူတို့ရဲ့မင်္ဂလာပွဲအစီအစဉ်ကို ပြန်လည်စဉ်းစားမယ်လို့ သတင်း တွေ ထွက်ခဲ့ပါတယ်။ နာမည်ကျော် ဖက်ရှင် Brand Dior ဂါဝန်နဲ့ ၂၈နှစ်ရှိပြီဖြစ်တဲ့ မင်းသမီး ကတော့ ထင်ရှား  လှပနေခဲ့ပါတယ်။ 


Credid : http://www.starpulse.com/news