Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / Kate Hudson က ဆွဲဆောင်မှုအပြည့်ရှိတဲ့ Atelier Versace ညနေခင်းပွဲတက်ဝတ်စုံကို Jennifer Aniston ရဲ့တင်ပါးအလှပြ ၀တ်စုံနဲ့အပြိုင် ၀တ်ဆင်

Kate Hudson က ဆွဲဆောင်မှုအပြည့်ရှိတဲ့ Atelier Versace ညနေခင်းပွဲတက်ဝတ်စုံကို Jennifer Aniston ရဲ့တင်ပါးအလှပြ ၀တ်စုံနဲ့အပြိုင် ၀တ်ဆင်

| No comment

Kate Hudson ဟာပေါ်လွင်လှပတဲ့ ဖြူ လွှလွှ ညနေခင်းဝတ်စုံကို ဆင်မြန်းပြီး တနင်္ဂနွေနေ့ညက ကျင်းပခဲ့ တဲ့ ရွှေကမ္ဘာလုံးဆုပေးပွဲကို တက်ရောက်ခဲ့ပါတယ်။ သူရဲ့ ကျောက်မျက်ရတနာတွေ စီခြယ်ထားတဲ့ ၀တ်စုံဟာ လှပတဲ့ ခန္ဓာ ကိုယ်ကောက်ကြောင်း ကိုပိုမိုပေါ်လွင်စေပြီး ရင်သားအလှကိုလည်း အပြည့်အ၀ လှစ်ဟာ ပြသထားခဲ့ပြန်ပါတယ်။
 ၃၅ နှစ် အရွယ်ရှိပြီဖြစ်တဲ့ ရွှေရောင်ဆံနွယ်နဲ့မင်းသမီး Jennifer Aniston ဟာ အနီရောင်ကော်ဇောပေါ်မှာ ဆွဲဆောင်မှုအပြည့်နဲ့ လျှောက်လှမ်းလာခဲ့ပါတယ်။ လျှောက်လမ်းပေါ်မှာ Ryan Seacrest နဲ့လည်း စကား စမြည်ပြောခဲ့ပါသေးတယ်။ Aniston က Seacrestကို ကြည့်ပါဦး ကျွန်မရဲ့ဝတ်စုံက အရမ်းတောက် ပနေ တယ်နော်  လို့ပြောသွားခဲ့ပါသေးသတဲ့။ Kate  ရဲ့ဝတ်စုံကို Atelier Versace က ဖန်တီးချုပ် လုပ်ပေး ထား တာ ဖြစ်ပါတယ်။


Credit : http://www.starpulse.com/news