Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / Kim Kardashian က ဒုတိယမြောက် ရင်သွေးလေးအတွက် ကြိုးစားနေပါသတဲ့

Kim Kardashian က ဒုတိယမြောက် ရင်သွေးလေးအတွက် ကြိုးစားနေပါသတဲ့

| No comment

People မဂ္ဂဇင်းကို ၁၉ နှစ်သမီး North ရဲ့မိခင၊် နာမည်ကြီးရက်ပ်ပါ Kenye West ရဲ့ဇနီးသည် မင်းသမီး Kim Kardashian က ယခုချိန်က စပြီး သူတို့စုံတွဲဟာ ဒုတိယ ရင်သွေးလေး ယူဖို့ ပြင်ဆင်နေကြ ပြီဖြစ်ပြီး အချိန်တိုအတွင်းမှာတော့ သူအနေနဲ့ ရင်သွေးလေး မရနိုင်သေးပါဘူး လို့ ပြောပြ သွားခဲ့ ပါတယ်။
 နောက်ထပ် ကလေးယူဖို့အတွက် ကျွန်မတို့တကယ်ပဲ ကြိုးစားခဲ့ကြပေမယ့် အချိန်တို အတွင်းတော့ ရင်သွေးလေးတွေ ထပ်မရနိုင်သေးပါဘူးလို့ သူကဆိုပါတယ်။ ဒါပေမယ့် ဗုဒ္ဓဟူးနေ့ ကပြုလုပ်ခဲ့တဲ့ T-Mobile ရဲ့ အမေရိကန်ဘောလုံး ကစားပွဲမှာ Ryan Seacrest က “အသက် ၃၄နှစ် မှာရင်သွေး ထပ်ယူ လို့ ဖြစ်ပါ့ မလား” လို့ မေးမြန်းထားတဲ့ အင်တာဗျူး မှာတော့ Kim နဲ့ Kanye တို့ဟာသမီးကလေး North အပေါ်မှာပဲ အပြည့်အ၀ ဂရုစိုက်နေကြတဲ့ ပုံဖြေကြားသွားပါတယ်။
 မနေ့ညကတော့ မဟုတ်ဘူးဒါပေမယ့် ပြီးခဲ့တဲ့ညတုန်းက ရေချိုးခန်းထဲမှာ North ရဲ့အသံကို ကြားရတယ်..ပြီးတော့ Toilet ထဲမှာ ခဏဏရေဆွဲချနေတဲ့ အသံတွေကိုလည်း ကြားရတယ် လို့ Kim က ဆိုပါတယ်။
ဒါနဲ့ ကျွန်မလည်း သူ့ဆီကိုပြေးသွားလိုက်တယ်…အယ်..ခဏလေးနော်” ဆိုပြီး Kanye ဘက်ကို လှည့်ကာ ခုနတုန်းက သမီးရှင့်ကိုဖုန်း မခေါ်ဘူးလားလို့ မေးနေပြန်ပါသတဲ့။ “သမီးဖုန်းက Toilet ထဲကျနေခဲ့တာလေ ကျွန်မ ဆန်အိတ်ထဲ ထည့်ထားကြည့်ခဲ့ပေမယ့် အလုပ်မဖြစ်ပါဘူး”လို့ ထပ်မံဖြေကြား သွားပါတယ်။


Credit : http://www.starpulse.com/news