Lindsay Lohan တစ်ယောက် ချီကူဂွမ်ရာလို့ခေါ်တဲ့ ဗိုင်းရပ်စ်ပိုး တစ်မျိုးကူးစက်ခံရပြီး တဲ့နောက် ကိုယ်အလေးချိန် သိသိသာသာ ကျဆင်းသွားတာပဲလား ဒါမှမဟုတ် ဓါတ်ပုံပြုပြင်မှုအစွမ်းတွေ ပိုမိုတက်တာလာ တာပဲလား ဝေခွဲမရဖြစ် ကြရပါတယ်။
Linds ဟာ Instagram မှာသူမရဲ့သေးသွယ် လွန်းလှတဲ့ ခါးအလှကိုဖော်ပြထားခဲ့ပါတယ်။ ဒါပေမယ့် တစ်ခုခုတော့ လွဲနေသလိုပါပဲ။
ဘေးတိုက် အနေအထားနဲ့ ကိုယ်ကြပ်အင်္ကျီခါးတိုနဲ့ အတွင်းခံဘောင်းဘီကို တွဲဖက် ၀င်ဆင်ထားပြီး သူရဲ့ ခန္ဓာကိုယ် အလယ်ပိုင်းနဲ့ ပေါင်တံအလှကို အသားပေး ရိုက်ထားတဲ့ ပုံဖြစ်ပါတယ်။
ဒါပေမယ့် သူရဲ့နောက်မှာရှိနေတဲ့ ဟိုတယ်သုံးရှန်ပူဗူးတွေဟာ ပီစာတာ ၀ါလို ပဲ စောင်းနေကြတာကို သတိထားမိမှာပါ..သဘောကတော့ Lindsay ဟာသူရဲ့လက်ပ်တော့ကို အသုံးပြုပြီး အလေးချိန် အနည်း ငယ်လျှော့ ချခဲ့တဲ့ ပုံပါပဲ။
“ ကျွန်မရဲ့ Calvins က ကျွန်မရဲ့ ချီကူဂွမ်ရာ ဗိုင်းရပ်စ်တွေကို တိုက်ဖျက်ဖို့ ကူညီနေ တာပါ ဟီးဟီး ”.. လို့ အမည်တပ်ပေးထားပါတယ်။
Credit : http://www.starpulse.com/news