Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / နာမည်ကျော်မင်းသမီး Lindsay Lohanတစ်ယောက် ရှားပါးပြီးကုသလို့မရတဲ့ ဗိုင်းရပ်စ်တစ်မျိုးကြောင့် ဆေးရုံတက်ခဲ့ရ

နာမည်ကျော်မင်းသမီး Lindsay Lohanတစ်ယောက် ရှားပါးပြီးကုသလို့မရတဲ့ ဗိုင်းရပ်စ်တစ်မျိုးကြောင့် ဆေးရုံတက်ခဲ့ရ

| No comment

ဒီတစ်ပတ်ထဲမှာတော့ Lindsay Lohan တစ်ယောက် ရှားပါးပြီးကုသလို့မရတဲ့ ဗိုင်းရပ်စ်တစ်မျိုး ကူးစက် ခံ ရ ပြီးနောက် ကိုယ်ပူချိန်တွေတက်ပြီးအဆစ်အမြစ်တွေ နာကျင် ကိုက်ခဲမှု  ဝေဒနာ ခံစားရပြီး  ဆေးရုံတက် ခဲ့ရပါတယ်။
 Bora Bora ကိုအားလပ်ရပ်အပန်းဖြေခရီး ထွက်တဲ့အချိန်မှာချီကူဂွမ်ယာလို့ခေါ်တဲ့ ခြင်မှတစ်ဆင့်ကူးစက်တဲ့ ဗိုင်းရပ်စ်ပိုးတစ်မျိုး ကူးစက်ခြင်းခံ ခဲ့ရပါတယ်။ ဒီဗိုင်းရပ်စ်ပိုးဟာ အသက်အန္တရာယ်မရှိပေမယ့် ကုသလို့လဲ မရပါဘူးတဲ့။ ပိုးကြောင့် ခံစားရတဲ့ ရောဂါလက္ခဏာတွေကတော့ ရက်သတ္တပတ် အနည်းငယ်၊ လပိုင်း မှ  နှစ်ပေါင်း များစွာတိုင်အောင် ကြာမြင့်တတ်ပါသတဲ့။
 ဒီဇင်ဘာလထဲမှာ Lohan တစ်ယောက် Instagram မှာသူကိုယ်တိုင် Jet-skiing စီးရင်းရိုက်ကူးထားတဲ့ ပုံတင်ခဲ့ပြီး ဗိုင်းရပ်စ်မကူးစက်ခံရခင် စပရေးသုံးကြပါလို့ ရေးသားထားခဲ့တဲ့အပြင် သူရဲ့အားလပ်ရက် အပန်းဖြေ ချိန်မှာနေမကောင်းဖြစ်မနေခဲ့ တဲ့အတွက် ကျေးဇူးတင်တယ်လို့ ပြောခဲ့ပါတယ်။
 သာယာလှပတဲ့ ကျွန်မရဲ့အားလပ်ရက်ကို ဗိုင်းရပ်စ် အကူးခံရပြီး အနှောင့် အယှက် ပေးခွင့် မပြုနိုင် ပါ ဘူး။  နှစ်သစ်ကူးမှာ အားလုံးပဲပျော်ရွှင် ကျန်းမာပြီးဘေးအန္တရာယ် ကင်းရှင်းကြပါစေလို့ ဆုတောင်းပေး ထားပါသေးတယ်။ ဆရာဝန်တွေ လာရောက်စစ်ဆေးပြီးချိန်မှာတော့ Lohan ဟာဆေးရုံက ဆင်းခဲ့ပါတယ်။ ဗုဒ္ဓဟူးနေ့ကတော့ CSV Positive Futures ပရဟိတ အဖွဲ့ရဲ့ ၀က်ဘ်ဆိုဒ် အသစ်အတွက် သွားရောက် ကူ ညီေ ပး ခဲ့ပါတယ်။ 


Credit : http://www.starpulse.com/news