Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / Madonna ရဲ့ သီချင်းတွေကို hack ခဲ့တဲ့ တရားခံ ဖမ်းမိ

Madonna ရဲ့ သီချင်းတွေကို hack ခဲ့တဲ့ တရားခံ ဖမ်းမိ

| No comment

မပြီးသေးတဲ့ သီချင်းတွေ hack ခံလိုက်ရတဲ့အတွက် Medonna အနေဖြင့် အရမ်း ကို  ကြေကွဲ ခံစားနေ ရကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ အစ္စရေး အမျိုးသား ဟက်ကာ တစ်ဦးသည် Madonna ၏ ကွန်ပျူ တာထဲမှ သီချင်းများကို ခိုးယူခဲ့ပါတယ်။ ထိုသီချင်းများမှာ မပြီးဆုံးသေးသည့်အပြင် အွန်လိုင်းပေါ်တွင် မရောင်းချရသေးသည့် သီချင်းများလည်း ဖြစ်ပါတယ်။
 FBI နှင့် အစ္စရေးဘက်မှတာဝန်ရှိသူများ ပူးပေါင်းစုံစမ်း၍ ဖမ်းဆီးခံထားရလျက်ရှိပြီး ၃၉နှစ်အရွယ် အဆိုပါ အမျိုးသားသည် အစ္စရေးရုပ်သံလိုင်းမှ သီချင်းဆိုပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင် ခဲ့ဖူးသူတစ်ဦးလည်း ဖြစ်ပါတယ်လို့ အစ္စရေး မီဒီယာတစ်ခုက ပြောကြားခဲ့ပါတယ်။ အခြားနိုင်ငံသားတွေလိုပဲ သူမမှာလည်း ကိုယ်ပိုင် လူ့အခွင့် အရေးတွေရှိပါတယ်လို့ Medonna က ပြောကြားခဲ့ပါတယ်။
 အနုပညာရှင်တိုင်း ဒီလိုပြစ်မှုကျူး လွန်သူတွေရဲ့ သားကောင်ဖြစ်နိုင်တယ် ဆိုပေမယ့် သူမအတွက်တော့ တကယ့်ကို ဆိုးဝါးပြီး ဘဝမှာ နာကျင်စရာကောင်းတဲ့ ဖြစ်ရပ်မျိုးပဲလို့ သူမက ပြောခဲ့ပါသေးတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာလတုန်းက သူမရဲ့ Rebel Heart album မထုတ်မီမှာ မပြီးသေးတဲ့ သီချင်းတွေ hack ခံခဲ့ရ တာဖြစ်ပါတယ်။
 အစ္စရေးရဲ့ ကိုယ်ရေးထောက်လှမ်းသူ Asher Wizman ပြောပြချက်အရ Madonna ရဲ့ ပရိသတ်တွေက လွန်ခဲ့တဲ့ ရက်သတ္တပတ် အနည်းငယ်ခန့်က ဒီပြဿသနာ ကို စုံစမ်းပေးဖို့ သူကုမ္ပဏီကို ဆက်သွယ်ခဲ့ပါတယ်။ Madonna ဟာ အစ္စရေးကို အကြိမ်တော်တော်များများ လာလည်ပတ်ဖူးပါတယ်။
Mr.Wizman ရဲ့ စုံစမ်းသူတစ်ယောက်ဟာ Medonna ရဲ့ အိမ်မှာရှိတဲ့ ကွန်ပျုတာ၊ စတူဒီယိုမှာ ရှိတဲ့ ကွန်ပျူတာတွေကို ကို စစ်ဆေးခဲ့ရာမှ အစ္စရေးရှိ သူမအသုံးပြုတဲ့ ကွန်ပျူတာကနေ လုံခြုံရေးပေါက်ပြီး အခိုးခံလိုက်ရတာဖြစ်ကြောင်း သိရှိခဲ့ရပါတယ်။


Credit :  http://news.sky.com