Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / Miley Cyrus ရဲ့ မောင်ဖြစ်သူက Miley ရဲ့ရည်းစားဖြစ်သူ Patrick Schwarzenegger ရဲ့ ညီမနဲ့ စုံတွဲခုတ်နေပါသတဲ့

Miley Cyrus ရဲ့ မောင်ဖြစ်သူက Miley ရဲ့ရည်းစားဖြစ်သူ Patrick Schwarzenegger ရဲ့ ညီမနဲ့ စုံတွဲခုတ်နေပါသတဲ့

| No comment

 Miley နဲ့ Patrick တို့ဟာ နိုဝင်ဘာလကတည်းက တစ်တွဲတွဲ ရှိနေခဲ့ကြပြီးခုဆိုရင်တော့  သူရဲ့ မောင်လေး အသက် ၂၀ ရှိပြီဖြစ်တဲ့ Braison ဟာလည်း အသက် ၂၃ နှစ်ရှိပြီဖြစ်တဲ့ Christina နဲ့ တွဲနေကြပါပြီလို့ TMZ.comရဲ့ သတင်းအရ သိရပါတယ်။
 Billy Cyrus ရဲ့ ကလေးတွေနဲ့ သူရဲ့သားသမီးနှစ်ယောက် စလုံးက သမီးရည်းစားတွေအဖြစ် တွဲနေကြ တာကို မိခင်ဖြစ်သူ Maria Shriver ဘယ်လိုခံစားနေရမလဲဆိုတာ လူတွေအားလုံးက သိချင်နေကြလေရဲ့။ ဒီဇင်ဘာလတုန်းကတော့ Shriver မိသားစုကအသက် ၂၂ ရှိပြီဖြစ်တဲ့ Miley ကိုပိတ်ရက်မှာ အိမ်အလည် ဖိတ်ခေါ်ဖို့ ငြင်းဆန်ခဲ့တယ်လို့လည်း သတင်းတွေ   ထွက်ခဲ့ပါတယ်။
 Life and Style မဂ္ဂဇင်းမှာတော့ Maria က Miley ဟာသူရဲ့ကျန်တဲ့ Kennedy မိသားစုဝင်တွေနဲ့ အ ဆင်ပြေ  မယ်မထင်ဘူးလို့ ပြောကြားခဲ့တဲ့ အကြောင်းဖော်ပြထားပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကယ်လီ ဖိုးနီးယားပြည်နယ် အုပ်ချုပ်ရေး အရာရှိဟောင်းကြီးဖြစ်တဲ့ Arnold Schwarzenegger ကတော့ သူ့သား နဲ့ ပေါ့ပ်ဂီတ ကြယ်ပွင့်တို့ရဲ့ အချစ်ရေးဟာ သူ့အတွက် ပြသနာ ရှိပုံမပေါ်ဘူး။
သူနဲ့ချစ်သူအသစ်ဖြစ်သူ Heather Milligan တို့ဟာ New Year ညနေခင်းကို Miley နဲ့ Patrick တို့အတွဲနဲ့ အတူတူ Las Vegas, Nevada မှာအတူတူ ကုန်ဆုံးခဲ့ပါသေးတယ်။ 


Credit : http://www.starpulse.com/news