Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / ၂၅ နှစ်တိုင်လက်တွဲလာခဲ့တဲ့ ဇနီးသည်နဲ့ ကွာရှင်းလိုက်တဲ့ စာရေးဆရာ Nicholas Sparks

၂၅ နှစ်တိုင်လက်တွဲလာခဲ့တဲ့ ဇနီးသည်နဲ့ ကွာရှင်းလိုက်တဲ့ စာရေးဆရာ Nicholas Sparks

| No comment
“The Notebook” နဲ့ “A Walk To Remember” တို့လို ကမ္ဘာကျော် အချစ် ၀ထ္ထုတွေကို ရေးသားခဲ့တဲ့ စာရေးဆရာ Nicholas Sparks ဟာ သူနဲ့ ၂၅ နှစ်တိုင်လက်တွဲလာခဲ့တဲ့ ဇနီးသည်နဲ့ ကွာရှင်းလိုက်ပါတယ်။ အသက် ၄၉ နှစ်ရှိနေပြီဖြစ်တဲ့ Sparks ဟာ သူ့ရဲ့ဇနီးသည် Cathy နဲ့ ကွာရှင်းလိုက်ပေမယ့်လည်း သူတို့ ၂ ယောက်ဟာ အရင်းနှီးဆုံးမိတ်ဆွေတွေအဖြစ် ဆက်လက် ရှိနေမည်ဖြစ်ပြီး သူတို့ရဲ့ ကလေးတွေအတွက် ၁ယောက်နဲ့ ၁ ယောက် လေးလေးစားစား ဆက်ဆံနေဦးမယ်လို့လည်း Sparks က People မဂ္ဂဇင်းကို ပြောခဲ့ပါတယ်။
 သူတို့စုံတွဲဟာ ၁၉၈၉ ခုနှစ်မှာ လက်ထပ်ခဲ့ကြပြီး အသက် ၁၂ နှစ် မှ ၂၃ နှစ်ကြားရှိတဲ့ သား ၃ ယောက်နဲ့ သမီး ၂ ယောက်ရှိတယ်လို့လည်းသိရပါတယ်။ Nicholas Sparks ဟာ ၀ထ္ထုပေါင်း ၂၀ ကျော်ကိုရေးသားခဲ့ပြီး “Dear John” ၊ “Message in a Bottle” ၊ “The Lucky One” ၊ “Safe Heaven” တို့ဟာ သူရေးသားခဲ့တဲ့ ၀ထ္ထုတွေဖြစ်ပြီး ရုပ်ရှင်ပြန်လည် ရိုက်ကူးရာမှာလည်း အောင်မြင်ခဲ့ပါတယ်။

Credit : http://www.starpulse.com/news