သူမဟာ မီလန်မှာကျင်းပခဲ့တဲ့ Just Cavalli Men’s Fashion week show တွင် ပိုစ့်တွေ အမျိုးမျိုးပေးပြီး ဓာတ်ပုံတွေရိုက်ခဲ့ပါတယ်။
သူမဟာ ငယ်ရွယ်တဲ့အမျိုးသားတွေကို ပိုမို မျက်သာပေးတတ်ခဲ့ပြီး Robert Millsy Mills လို့ခေါ်တဲ့ သြဇီအဆိုတော်နဲ့ တွဲခဲ့တယ်လို့လည်း သိရပါတယ်။ ဆစ်ဒနီက Jacuzzi တစ်ခုမှာ သူမတို့နှစ်ယောက် နမ်းရှုံ့နေတဲ့ပုံကို မရိုက်ခဲ့မီ 2003 Melbourne Cup မှာကတည်းက သူမ တို့ နှစ်ယောက် ကို အတူတွဲတွေ့ခဲ့ရပါတယ်။
သူမရဲ့ငယ်ရွယ်တဲ့ ရည်းစားတွေထဲက နောက်တစ်ယောက်ကတော့ Tyler Atkins လို့ခေါ်တဲ့ သြစတြေးလျ မော်လ်ဒယ်တစ်ဦးဖြစ်ပါတယ်။ ၂၁နှစ်အရွယ် အဆိုပါ ရည်းစားနဲ့တွဲစဉ်က သူမဟာ မိသားစု ဘဝလေး လိုချင်ပါတယ်လို့ ကြေငြာခဲ့ဖူးပါတယ်။
ဒီလအစောပိုင်း North Bondi Fish မှာ တွဲရိုက်ခဲ့တဲ့ ဓာတ် ပုံတွေကြောင့် သူမထက် အသက် တစ်ဝက်ခန့်ပိုငယ်တဲ့ ၁၈နှစ်အရွယ် မော်လ်ဒယ်တစ်ဦးဖြစ်သူ Jordan Barrett နဲ့ ချိန်းတွေ့ခဲ့တယ် ဆိုပြီး မကြာသေးမီက ကောလဟာလတွေ ထွက်နေပြန်ပါတယ်။