Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / Paul McCartney, Kanye West နဲ့ Rihanna တို့ဟာ “FourFiveSeconds” ဆိုတဲ့ သီချင်းတစ်ပုဒ်နဲ့ ဂီတလောကကိုကိုင်လှုပ်လိုက်ပြန်ပါပြီ!

Paul McCartney, Kanye West နဲ့ Rihanna တို့ဟာ “FourFiveSeconds” ဆိုတဲ့ သီချင်းတစ်ပုဒ်နဲ့ ဂီတလောကကိုကိုင်လှုပ်လိုက်ပြန်ပါပြီ!

| No comment

လွန်ခဲ့တဲ့ သုံးပတ်လောက်က ရုတ်တစ်ရက်ဖြန့်ချီ လိုက်တဲ့ Kanye West နဲ့ Paul McCartney ရဲ့ “Only One”  ဆိုတဲ့ သီချင်းထွက် အပြီးမှာပဲ သီချင်းအသစ်တစ်ပုဒ် ထပ်မံ ထွက်ရှိခဲ့ပြန်ပါတယ်။ အဲဒါကတော့ သူတို့နှစ်ယောက်နဲ့ Rihanna တို့အတူ တွဲဖက်သီဆိုထားတဲ့ “Four Five Seconds” ဆိုတဲ့ သီချင်းပဲဖြစ် ပါတယ်။ RihannaNow.com မှာသီချင်းကို နားထောင် ကြည့်နိုင်ပါတယ်။
 လော့စ်အိန်ဂျလိစ် မှာ ပြုလုပ်ခဲ့တဲ့ IHearRadio Summit Music Industry ပွဲမှာ ၄၅ မိနစ် စာ  ဖျော်ဖြေပေး ခဲ့တဲ့ West ဟာ“ဆန်းသစ်တီထွင်မှု အတွက် တာဝန်ယူကြဖို့အကြောင်း သူပြောနေစဉ် အတွင်းမှာ သီချင်း ကိုဖွင့်ပေးထားခဲ့ပါတယ်။ သူရဲ့လက်ပ်တော့ကနေ “Four Five Seconds” သီချင်းကို တိုက်ရိုက် ဖွင့်ပေးထား ခဲ့ပါတယ်။ အဲဒီနောက်မှာတော့ သီချင်းထွက်မယ့် နေ့စွဲကို မကြေညာခင် သီချင်းကို ပိတ်ပြီး စတိတ် စင်ပေါ် ကနေ ဆင်းလျှောက်လာခဲ့ပါတယ်။
Rihanna က “ကိုယ့်အထင် ကိုယ့်အတွက် လုံလောက်ပါပြီ၊ ကိုယ် နည်းနည်းသောက်ထားပေမယ့် စိတ်ထဲမှာ ဘာတွေရှိတယ်ဆိုတာ ငါသိတယ် ဘာကြောင့်လဲဆိုတော့ ကိုယ်ရဲ့   ကြ င်နာမှုတွေ အားလုံးဟာ ကိုယ့်ရဲ့  အားနည်းချက်တွေပါ” လို့ သီဆိုထားပါတယ်။ West ဟာဂရမ်မီဆုရှင် Rihanna ရဲ့သီဆိုမှုပါ အတူတူပါဝင် သီဆိုပေးခဲ့ပြီး Mc Cartney ကတော့ Chorus ပိုဒ်တွေနဲ့ သံစဉ်တွေကို ပါဝင် တီး ခတ်ပေး ခဲ့ပါတယ်။ 
ဒီနာမည်ကျော် ထိပ်တန်းအနုပညာရှင် သုံးဦးရဲ့ ပေါင်းစည်းမှု အတွက် ကတော့ ပြောစရာ စကား ရှာ မရအောင်  ကောင်းမွန်လှပါတယ်။ ပြောရေးဆိုခွင့်ရှိသူက “Only One” သီချင်းထွက်စဉ်က ဒီနာမည်ကျော် အနုပညာရှင်နှစ်ယောက် ရဲ့ ပူးပေါင်းသီဆိုမှုဟာ ပထမဆုံးအနေနဲ့ လျှင်လျှင်မြန်မြန်ပဲ လူသိရှင်ကြား ထွက်ပေါ်  လာပါပြီ လို့ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။



Credit : http://www.starpulse.com/news