Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / မိခင်ဘ၀ အကြောင်းတွေ People မဂ္ဂဇင်းမှာ ပြောခဲ့တဲ့ Jennifer Lopez

မိခင်ဘ၀ အကြောင်းတွေ People မဂ္ဂဇင်းမှာ ပြောခဲ့တဲ့ Jennifer Lopez

| No comment

Jennifer Lopez ဟာ People မဂ္ဂဇင်းအား သူမ၏ အိမ်သို့ ဖိတ်ကြားပြီး သူမရဲ့ ၆ နှစ်အရွယ် အမြွှာကလေး ၂ ယောက် ဖြစ်တဲ့ Emme နဲ့ Max တို့ရဲ့ အကြောင်းတွေကို ဖွင့်ဟ ပြောဆိုခဲ့ပါတယ်။ ဒါ့အပြင် အသက် ၄၅ နှစ် ရှိနေပြီဖြစ်တဲ့ Jennifer Lopez ဟာ အချစ်နဲ့ ပတ်သက်လာရင်လည်း စိတ်ရှည်ဖို့ဆိုတာ သူမ ကျွမ်းကျင်တဲ့ အရာမဟုတ်ကြောင်းကိုလည်း ဆိုပါတယ်။
အကပညာရှင် Beau Casper Smart နဲ့ ပြတ်စဲပြီးတဲ့နောက်မှာတော့ တစ်ယောက်တည်းနေရတာ ပိုပြီး အသားကျလာတဲ့ အကြောင်းတွေလည်း J.Lo က People မဂ္ဂဇင်းကို ပြောခဲ့ပါတယ်။ ဒါပေမယ့် သူမဟာ အချစ်ရေးမှာ ဘယ်လိုပဲကျ ရှုံးခဲ့ပါစေ သူမရဲ့ ကလေး ၂ ယောက်ကို ပြု စု ပျိုးထောင်ဖို့ အတွက်တော့ အရှုံးပေးမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။ Jennifer Lopez ဟာ လက်ရှိမှာလည်း The Boy Next Door ဆိုတဲ့ ဇာတ်လမ်းတစ်ခုကို ရိုက်ကူးထားပါတယ်။ 


Credit : http://www.starpulse.com/news