Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / Selena Gomez နဲ့ German DJ Zedd တို့ရဲ့ စုံတွဲခုတ်နေတဲ့ selfie ပုံတွေထွက်ရှိ

Selena Gomez နဲ့ German DJ Zedd တို့ရဲ့ စုံတွဲခုတ်နေတဲ့ selfie ပုံတွေထွက်ရှိ

| No comment

Selena Gomaz နဲ့ ဂျာမန်လူမျိုး DJ Zeed တို့ဟာနှစ်ယောက်သားရိုက်ထားတဲ့ Selfie ပုံတွေ ထွက်ပေါ်လာပြီး စုံတွဲခုတ်နေတယ်လို့ သတင်းတွေ ထွက်နေပြန်ပါတယ်။ ရုရှားနိုင်ငံမှာ မွေးဖွားကြီးပြင်းတဲ့ ဂျာမန်လူမျိုး EDM ကြယ်တစ်ပွင့်ဖြစ်တဲ့ Zeddနဲ့ Selena Gomez တို့ဟာ တွဲနေကြတယ်လို့ သတင်း ထွက် နေပြန်ပါတယ်။
 ရွှေကမ္ဘာလုံး ဆုပေးပွဲအပြီး ပွဲကအပြန်မှာလည်း နှစ်ဦးသားအတူ လက်တွဲပြီး ဓါတ်ပုံအရိုက် ခံ ခဲ့ကြပြီး တဲ့နောက် Instagram မှာ နှစ်ယောက်တွဲ ဓါတ်ပုံတွေပေါ်ထွက်လာပြီးတဲ့နောက် သူတို့ရဲ့ဆက်ဆံရေးဟာ ပိုမိုသေချာ သွားခဲ့ပါတယ်။ မင်းသား Paul Rudd နဲ့တွဲဖက်ရိုက်ကူးနေတဲ့ “ The Revised Fundamentals of Caregiving” ရုပ်ရှင် ရိုက်ကူးနေသည့် ဂျော်ဂျီရာပြည်နယ်၊ အတ္တလန်တာမှာ ရောက်ရှိနေတဲ့ Gomez က ပြီးခဲ့တဲ့ ဆန်းဒေးက Zedd ( နာမည်အရင်း ကတော့ Anton Zaslavski) က သူရဲ့နောက်မှာ ထိုင်နေတဲ့ Selfie ပုံကို Post  တင်ခဲ့ပါတယ်။
 LA ကိုနဲ့ ဒီတစ်ယောက်ကိုလွမ်းတယ်။ ခဏနေရင် ရှုတင်ပြန်စတော့မယ်..ဆိုတဲ့ စာတိုလေးနဲ့အတူ ပိုစ့် တင်ခဲ့တာဖြစ်ပါတယ်။သူတို့နှစ်ဦး ဗီဒီယိုချက်တင်ပြောတုန်းက အိပ်ယာထဲမှာလှဲနေတဲ့ Selena  ရဲ့ ပုံကို Screenshot ရိုက်ပြီးသူ့ရဲ့ Instagramမှာ “အို..ဟိုင်းဒါလင်… “လို့ ရေးထားပြန်ပါသတဲ့။ ပြီးတော့ သူတို့နှစ် ဦး ဟာ သီချင်းအသစ်တွေအတွက် စတူဒီယိုမှာလည်း အတူတူ အလုပ်တွေ တွဲလုပ် ခဲ့ကြပါသေးတယ်။


Credit : http://www.starpulse.com/news