Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / Taylor Swift ရဲ့ Twitter အဟက်ခံရပြီးနောက်.. သူက သူရဲ့ဟက်ကာတွေကို လှောင်ပြောင်ခဲ့ပါသတဲ့

Taylor Swift ရဲ့ Twitter အဟက်ခံရပြီးနောက်.. သူက သူရဲ့ဟက်ကာတွေကို လှောင်ပြောင်ခဲ့ပါသတဲ့

| No comment

Taylor Swift ကိုဘယ်သူတွေကဟက်ချင်ကြတာပါလိမ့်? ကမ္ဘာပေါ်မှာရှိတဲ့ ဟက်ကာတွေ တော်တော် များများဟာ အစိုးရအဖွဲ့အစည်း၊ ဘဏ်စတဲ့ အဖွဲ့အစည်းတွေ ဆီကနေပဲ အချက်အလက်တွေ ခိုးယူလေ့ ရှိကြပေမယ့် Taylor Swift  အတွက်တော့ အသေးအဖွဲ ကိစ္စလေးတွေလိုပါပဲ။
 ဒါပေမယ့် Swift ဟာဟက်ကာ တွေရဲ့ ပစ်မှတ်ဖြစ်လာပြီး မနေ့ကပဲ သူရဲ့ Twitter နဲ့ Instagram လူမှုကွန်ယက် အကောင့်နှစ်ခုစလုံးကို တရားမ၀င်ထိန်းချုပ် ခံလိုက်ရပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဟက်ကာတွေ ဟာသူတို့ရဲ့ Twitter အကောင့်မှာ Follower အသစ်တွေအများကြီး ရဖို့ ရည်ရွယ်ချက်ပြီး Swift  ရဲ့သန်းချီနေတဲ့ Follower တွေကို ခိုးယူခဲ့တာဖြစ်ပါတယ်။
Twitter မှာ @lizzard ကို ကျွန်မနဲ့အတူ Follow လုပ်ပြီး ဂုဏ်ပြုကြရအောင် လို့ ရေးသားထား ခဲ့ပြီးနောက် တစ်ခု ကတော့ လူတိုင်း ကြိုက်နှစ်သက်ကြတဲ့ shoutout@veriuserကို Follow လုပ်ပေးကြပါအား လုံးချစ် ပါတယ် လို့ လည်းရေးသားဖော်ပြ ထားခဲ့ပါတယ်..ဒါပေမယ့် @lizzardနဲ့ @variuser ဆိုတဲ့ နာမည်နှစ်ခု စလုံးဟာ သုံးစွဲခွင့် ပိတ်သိမ်းခံထားရတဲ့ အကောင့်တွေဖြစ်နေကြပါတယ်။ @lizzard ဆိုတဲ့ အကောင့်ဟာ ဂိမ်းဆာဗာတွေဆီက အချက်အလက်တွေ ခိုးယူရာ မှာနာမည်ကြီးတဲ့ Lizard Squad ဆိုတဲ့အဖွဲ့က ဖြစ်နိုင်တယ်လို့ သံသယဖြစ်နေကြပါတယ်။
 ဒါပေမယ့် ပိုပြီးထူးခြားတာကတော့ Swift ရဲ့တုံ့ပြန်မှု ပဲဖြစ်ပါတယ်။သူဟာ စိတ်ဆိုးဒေါသ ထွက်ပြီး ဟက်ကာတွေ ရန်မှ ကာကွယ် ရန်ပြင်ဆင်မှုတွေ လုပ်ရမယ့်အစား ဟက်ကာတွေကို တစ်ချီတည်း အနိုင်ယူ တိုက်ခိုက် ခဲ့ပါသတဲ့။ ပထမဆုံး အနေနဲ့ ဒီအဖြစ်အပျက်ကိုသူက“Shake It Off” ဆိုတဲ့ စာ သားဖြင့် ပြန်လည်ရေးသား လှောင်ပြောင် ခဲ့ပါတယ်။ ပြီးတော့ ဟက်ကာတွေက သူရဲ့အ၀တ်ဗလာ နဲ့ ဓါတ်ပုံတွေ ကို ဖော်ထုတ်ပြသမယ်လို့ ခြိမ်းခြောက်ခံရတဲ့အခါ သူက ပြန်လည် ရင်ဆိုင်ဖြေရှင်းခဲ့ပါတယ်။ 


Credit : http://www.starpulse.com/news