Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / ပရိတ်သတ် တစ်ယောက်ကို ကျောင်းစရိတ် လက်ဆောင်ပေးတဲ့ Taylor Swift

ပရိတ်သတ် တစ်ယောက်ကို ကျောင်းစရိတ် လက်ဆောင်ပေးတဲ့ Taylor Swift

| No comment

ပရိတ်သတ် တွေကို မထင်မှတ်ထားတဲ့ လက်ဆောင်တွေပေးပို့ပြီး ပျော်ရွှင်အောင်လုပ်လေ့ရှိတဲ့ တေးသံရှင် Taylor Swift ဟာ ဒီနှစ်မှာလည်း Rebekah Bortnicker ဆိုသူ ပရိတ်သတ် ကောင်မလေးကို ၁၉၈၉ ဒေါ်လာ နဲ့ သူ့ရဲ့ နောက်ဆုံးအခွေ “1989” ပါထည့်သွင်းပေးပြီး လက်ဆောင်ပေးပို့လိုက်တယ်လို့ သိရပါတယ်။
 Bortnicker ဟာ ထိုသတင်းကို သူမရဲ့ လူမှုကွန်ရက်တွေမှာ ဝေမျှ ထားခဲ့ပြီး Taylor Swift ရဲ့ လက်ဆောင် ထဲမှာတော့ စာ တစ်စောင် ၊ Polaroid ဓါတ်ပုံ တွေနဲ့ အခြားလက်ဆောင်တွေကို ဖွင့်ကြည့်နေတဲ့ ဗီဒီယို ကို လည်း YouTube မှာတင်ထားခဲ့ပါတယ်။
 ဒါ့အပြင် သူမရဲ့ ကျောင်းစရိတ်အတွက် Taylor Swift ပေးတဲ့ ၁၉၈၉ ဒေါ်လာ တန် ချက် လက် မှတ် ကို  တွေ့တဲ့အခါမှာ Bortnicker ဟာ ငိုခဲ့ပါတယ်။ သူမရဲ့ Tumblr စာမျက်နှာမှာလည်း သူနရဲ့ နှလုံးသားထဲက လှိုက်လှိုက်လဲလဲ ကျေးဇူးတင်ကြောင်းနဲ့ သူ့ဘ၀ မှာ ဒီလို အဖြစ်အပျက်မျိုး မဖြစ် ခဲ့ ဖူးကြောင်းရေးသား ခဲ့ပါတယ်။


Credit : www.starpulse.com/news