Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / Taylor Swift နဲ့ ကောလဟာလထွက်ပေါ်နေတဲ့ ရည်းစားဆိုသူက သူတို့ရဲ့ ဆက်ဆံရေးကို တရားဝင် ကြေငြာလိုက်ပါပြီ

Taylor Swift နဲ့ ကောလဟာလထွက်ပေါ်နေတဲ့ ရည်းစားဆိုသူက သူတို့ရဲ့ ဆက်ဆံရေးကို တရားဝင် ကြေငြာလိုက်ပါပြီ

| No comment

The 1975 ရဲ့ ခေါင်းဆောင် အဆိုတော်ဖြစ်သူ Matt Healy က pop star တစ်ယောက်ဖြစ်တဲ့ Taylor Swift ရဲ့နောက်ဆုံး အချစ်ဇာတ်လမ်းက ချစ်သူဖြစ်တယ်လို့ ကောလဟာလတွေ ထွက်နေပါတယ်။ အမေရိကန် ရှိ TV နဲ့ radio တွေမှာ တီးခတ်သူ တစ်ယောက်ဖြစ်တဲ့ Healy နဲ့ Swift ဟာ တွဲနေတာ ၂လလောက်ရှိပြီးလို့ သတင်းထွက်ခဲ့ပါတယ်။
 “၂လ ဟုတ်လား” ဆိုပြီးတော့တောင် ၂၅နှစ်အရွယ် Healy က လှောင်ပြောင်ရယ်မောခဲ့ပါတယ်။ “ဒါတွေအားလုံးဟာ သတင်းအတုတွေပါ။ တစ်ယောက်နဲ့တစ်ယောက် တွေ့ခဲ့တယ်ဆိုပေမယ့် အလုပ်ကိစ္စအရ စကားပြောခဲ့ကြတာပါ” လို့လဲ သူကပြောခဲ့ပါသေးတယ်။ “ကျွန်တော်တို့ကြားမှာ ဘာဆက်ဆံရေးမှ မရှိခဲ့ပါဘူး။ လူတွေက ဒီသတင်းတွေကို လျှောက်ဖြန့်နေကြတာပါ” သူတို့နှစ်ယောက်ကြားမှာ ဂီတနဲ့ပတ်သတ်တဲ့ အပြန်အလှန်လေးစား သဘောကျမှုတွေ သေချာပေါက် ရှိနေပါတယ်။
 ပြီးခဲ့တဲ့ နိုဝင်ဘာလမှာ Swift ရဲ့ 1989 album ကာဗာ တံဆိပ်ရိုက်ထားတဲ့ တီရှပ်ကို ဝတ်ဆင်ပြီး စင်ပေါ်မှာ ဖျော်ဖြေခဲ့ပါတယ်။ အဲ့ဖြစ်ရပ်ပြီးလို့ ရက်အနည်းငယ်အကြာမှာပဲ Swift က Healy တို့ band နာမည် ပါတဲ့ အင်္ကျီကို ဝတ်ဆင်ပြီး အပြင်သွားခဲ့ပါတယ်။ “ဒါတကယ်မဟုတ်ပါဘူး။ ဒါတကယ်ဆိုရင်လည်း ကျွန်တော့်အတွက် တော်တော် အံ့သြဖို့ကောင်းသွားမှာပါ။ ကံဆိုးစွာနဲ့ပဲ ဒါဟာ တကယ့် အမှန် မဟုတ် ခဲ့ပါဘူး”လို့ သူကပြောခဲ့ပါတယ်။ 


Credit : http://www.news.com.au