“American Horror Story:Freak Show” ဇာတ်လမ်းတွဲရဲ့ မင်းသား တစ်ယောက်ဖြစ်တဲ့ Ben Woolf ဟာ လူကူးမျဉ်းကြားမှ လမ်းမကူး မိသည့်အတွက် ကားတိုက်ခံရပြီး သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။
အရပ် ၄ ပေ ၄ လက်မ သာ ရှိသည့် မင်းသား Ben Woolf ဟာ ဟောလီးဝုဒ်မှာ ရောက်ရှိနေစဉ် ကား လမ်း ကို ဖြတ်ကူးရာမှ SUV ကားတစ်စီးက ၀င်တိုက်မိကာ ဦးခေါင်းကို အကြီးအကျယ် ထိခိုက် ဒဏ်ရာ ရ ခဲ့ ပြီး ဆေးရုံ သို့ အချိန် မီ ပို့ဆောင်ပြီး ခွဲစိတ်မှု ခံယူ ခဲ့စေပေမယ့်လည်း မပျောက်ကင်းတော့ပဲ တနလာင်္နေ့ တွင် သေဆုံးသွားခဲ့ပါတယ်။
ထိုသို့ Ben Woolf ကိုတိုက်ခဲ့တဲ့ SUV ကားကတော့ အရေးယူ မခံရပါဘူး။ ဘာလို့လဲဆိုတော့ Ben Woolf ဟာ လမ်းမကူးရန် သတ်မှတ်ထားတဲ့နေရာ ကနေ လမ်းကူးမိတဲ့ အတွက် ဖြစ်ပါတယ်။ Woolf ဟာ Dead Kansas ၊ Woogie နဲ့ TV Face ရုပ်ရှင်ကားတွေမှာ ပါဝင် သရုပ်ဆောင် ခဲ့ဖူးပြီး သူဟာ သရုပ်ဆောင် မလုပ်ခင်က ကျောင်းဆရာ တစ်ယောက် ဖြစ်ခဲ့တယ် လို့လည်း သိရပါတယ်။
Credit : http://www.starpulse.com/news