Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / ဒီတစ်ပတ် ထွက်ရှိတဲ့ သီချင်းအယ်လ်ဘမ်တွေထဲမှာ Big Sean ရဲ့ သီချင်း အယ်လ်ဘမ်က ထိပ်ဆုံးက ဦးဆောင်နေပါတယ်!

ဒီတစ်ပတ် ထွက်ရှိတဲ့ သီချင်းအယ်လ်ဘမ်တွေထဲမှာ Big Sean ရဲ့ သီချင်း အယ်လ်ဘမ်က ထိပ်ဆုံးက ဦးဆောင်နေပါတယ်!

| No comment

ဒီတစ်ပတ် ကတော့ ထူးခြားတဲ့ သီတင်း ပတ်တစ်ပတ် ဖြစ်ပါတယ်။ Billboard ရဲ့ သီချင်းပုဒ်ရေ ၂၀၀ စာရင်း ထွက်ရှိ လာပါပြီ! ပြီးခဲ့တဲ့ တစ်ပတ်ကတော့ Billboard Chart မှာ Drake ရဲ့ “ If Your’s Reading This It’s Too Late “ နဲ့ “Fifty Shades of Grey “ ဇာတ်ဝင်သီချင်း တွေက ဦးဆောင်နေခဲ့ပါတယ်။ သီချင်း အယ်လ် ဘမ် အသစ် မထွက်ခင် အထိ Imagine Dragon ရဲ့ သီချင်းအယ်လ်ဘမ် Smoke and Mirrors က သရဖူဆောင်းကာ ဦးဆောင်နေခဲ့တာဖြစ်ပါတယ်။
ဒီတစ်ပတ် အတွက်ကော ဘယ်သူရဲ့ အယ်လ်ဘမ်က ထိပ်ဆုံးက ဖြစ်နေမလဲ ခန့်မှန်း ကြည့်နိုင်ပါတယ်။ တစ်ပတ် အတွင်း ထွက်ရှိတဲ့ သီချင်း အယ်လ်ဘမ် ၆ ခုအနက် I.D.F.W.U MC Big Sean ရဲ့  Dark Sky Paradise ကတော့ နံပါတ်တစ်နေရာမှာ ရပ်တည်နေပါတယ်။
 အောက်မှာ ဖော်ပြထား တာကတော့ ဒီတစ်ပတ် ထွက်ရှိ ထားတဲ့ သီချင်း အယ်လ်ဘမ်တွေ ဖြစ်ပါတယ်။ 
1. Big Sean, Dark Sky Paradise (Def Jam) 2. Kid Rock, First Kiss (Warner Bros) 3. Chris Brown & Tyga, Fan of a Fan the Album (RCA / Cash Money) 4. Red, of Beauty and Rage (Sony) 5. Falling In Reverse, Just Like You (Epitaph) 6. BadBadNotGood & Ghostface Killah, Sour Soul (Lex Records LTD) 


Credit : http://www.starpulse.com/news