Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / Billboard ရဲ့ ထိပ်ဆုံး ၂၀၀ စာရင်းထဲမှာ ထိပ်ဆုံး ကနေ ဦးဆောင်နေတဲ့ Imagine Dragons

Billboard ရဲ့ ထိပ်ဆုံး ၂၀၀ စာရင်းထဲမှာ ထိပ်ဆုံး ကနေ ဦးဆောင်နေတဲ့ Imagine Dragons

| 1 Comment

လူငယ် ရော့ခ် အဖွဲ့တစ်ခုဖြစ်တဲ့ Imagine Dragons အဖွဲ့ဟာ ဒီတစ်ပတ် အတွက် Billboard ရဲ့ ထိပ်ဆုံး ၂၀၀ စာရင်းထဲမှာ ထိပ်ဆုံး ကနေ ဦးဆောင်နေပါတယ်။ အဖွဲ့ သစ်တွေအဆိုတော် အသစ်တွေ ပဲ ထိပ်ဆုံးက ဦးဆောင်နေတဲ့ Billboard ရဲ့ ထိပ်ဆုံးစာရင်းမှာတော့ Imagine Dragon အဖွဲ့ရဲ့ Smoke + Mirrors အခွေ ဟာ အချပ်ရေပေါင်း ၁၇၂၀၀၀ အထိ ရောင်းချ နိုင်ခဲ့ပါတယ်။
 ပြီးခဲ့တဲ့အပတ်က အချပ်ရေပေါင်း ၁၂၉၀၀၀ ချပ်နဲ့ ထိပ်ဆုံးကဦးဆောင်နေခဲ့တဲ့ Drake ၇ဲ့ If You’re Reading This It’s Too Late ဆိုတဲ့ အခွေ ကို Imagine Dragons အဖွဲ့ဟာ ထိပ်ဆုံးနေရာ ကနေ ဖြုတ်ချ ခဲ့ပါတယ်။ Billboard ရဲ့ ထိပ်ဆုံး ၂၀၀ စာရင်းထဲရောက်ရှိနေတဲ့ အဖွဲ့ အသစ်ဟာ Imagine Dragons တစ်ဖွဲ့  ထဲမဟုတ်ပါဘူး။ Raheem Devaughn နဲ့ Estelle ရဲ့ Love Sex Passion and True Romance ဆိုတဲ့ အခွေဟာလည်း ဒုတိယနေရာ ကဦးဆောင်နေတာတွေ့  ရပါတယ်။
 အဲဒီလို အဖွဲ့အသစ်တွေ အပြင် မြင်ဖူးပြီးသား အဆိုတော်တွေ ထဲမှာဆိုရင် Taylor Swift ရဲ့ 1989 ၊ Ed Sheeran ရဲ့ X ၊ Sam Smith ရဲ့ In The Lonely Hour ၊ Maroon 5 ရဲ့ V ၊ Meghan Trainor ရဲ့ Title နဲ့ Nicki Minaj ရဲ့ The Pinkprint တို့ဟာလည်း ထိပ်ဆုံး ၁၀ ခွေစာရင်းထဲ ပါဝင်နေပါတယ်။


Credit : http://www.starpulse.com/news