Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / ရဟတ်ယာဉ်ပျံလေး ကတစ်ဆင့် လက်ထပ်ခွင့်တောင်းတာ တရုတ် ရုပ်ရှင်မင်းသမီး လက်ခံ

ရဟတ်ယာဉ်ပျံလေး ကတစ်ဆင့် လက်ထပ်ခွင့်တောင်းတာ တရုတ် ရုပ်ရှင်မင်းသမီး လက်ခံ

| 1 Comment

ရဟတ်ယာဉ်ပျံလေးနဲ့ ပို့ဆောင်လိုက်တဲ့ လက်စွပ်နှင့် သူမရဲ့ ချစ်သူရဲ့  ဒူးတစ်ဖက်ထောက်ကာ ခွင့်တောင်းမှု အပြီးမှာ Zhang Ziyi က လက်ခံတယ်လို့ ပြောခဲ့ပါတယ်။ Crouching Tiger, Hidden Dragon ဆိုတဲ့ ဇာတ်ကားမှာ နာမည်ကြီးခဲ့တဲ့ Zhang Ziyi ဟာ ရဟတ်ယာဉ်ပျံလေးနဲ့ ပို့လိုက်တဲ့ လက်ထပ်ခွင့်ကို လက်ခံ ခဲ့ပါတယ်။
 စနေနေ့က ကျင်းပခဲ့တဲ့ သူမရဲ့ မွေးနေ့ပွဲမှာ အဖြူ ရောင် ယာဉ်ပျံလေးဟာ သူမထံပျံ သန်းလာခဲ့ပြီး သူမရဲ့ ချစ်သူ တရုတ် ရောခ့်တေးရေးတေးဆို Wang Feng က ထိုယာဉ်ပျံလေးထဲမှာ လက်ထပ်ခွင့် လက်စွပ်ကို ထည့်ကာ သူမဆီ ပို့ဆောင်လိုက်ကာ ဒူးတစ်ဖက်ထောက်ပြီး လက်ထပ်ခွင့်တောင်းခဲ့ပါတယ်။ Zhang ကလည်း လက်ခံကြောင်းကို  ပြန်လည်ပြောကြားခဲ့ပြီး ညကောင်းကင်ယံမှာ မီးရှုး မီးပန်းတွေ ဖောက်ကာပျော်ရွှင် ခဲ့ကြသေးတယ် လို့လည်း တရုတ်မီဒီယာ တစ်ခုက ပြောကြားခဲ့ပါတယ်။ တနင်္ဂနွေနေ့က သူမရဲ့ microblogging အကောင့်တွင် အသည်းပုံ မီးပန်းတွေ ဝေနေတဲ့ ပုံနဲ့အတူ သူမရဲ့ အဖြေကို ပိုစ့် တင်ခဲ့ပါသေးတယ်။ ဒါဟာ Zhang ရဲ့ ပထမဆုံး လက်ထပ်ခြင်း ဖြစ်ပြီး Wang အတွက်တော့ တတိယ အကြိမ်မြောက်ဖြစ်ပါတယ်။


Credit : http://news.sky.com