Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / ကိုယ်ဝန် ရှိနေပြီဖြစ်ကြောင်း လူမှုကွန်ရက်ကနေ တစ်ဆင့် ထုတ်ဖော်ပြောဆိုလိုက်တဲ့ Chelsea Handler

ကိုယ်ဝန် ရှိနေပြီဖြစ်ကြောင်း လူမှုကွန်ရက်ကနေ တစ်ဆင့် ထုတ်ဖော်ပြောဆိုလိုက်တဲ့ Chelsea Handler

| No comment

ဟောလီးဝုဒ် ဟာသ သရုပ်ဆောင် မင်းသမီး Chelsea Handler ဟာ သူမ ကိုယ်ဝန် ရှိနေပြီဖြစ်ကြောင်း လူမှုကွန်ရက် တစ်ခုဖြစ်တဲ့ Instagram ကနေတစ်ဆင့် ထုတ်ဖော်ပြောဆို လိုက်ပါတယ်။ အသက် ၃၉ နှစ် ရှိနေပြီဖြစ်တဲ့ ဟာသ သရုပ်ဆောင် မင်းသမီးဟာ သူမရဲ့ ခွေးက သူမရဲ့ ကားထဲမှာ သူမကို ထိုင်ကြည့်နေတဲ့ ဓါတ်ပုံကို Instagram မှာ တင်ထားခဲ့ပြီး သူမ ကိုယ်ဝန် ရှိနေတာကို သိလို့ သူမရဲ့ ခွေးက ထိုင်ကြည့်နေတာဖြစ်မယ် လို့ရေး သားထားခဲ့ပါတယ်။ 
အင်တာဗျူး အစီအစဉ် တင်ဆက်သူ တစ်ယောက်ဖြစ်တဲ့ Amanda d Cadenet နဲ့ အင်တာဗျူး မှာ Chelsea Handler က သူမှာဟာ ကလေးယူဖို့ မဆုံးဖြတ်ထားဘူး လို့ဖြေခဲ့ဖူးပါတယ်။ သူမဟာ မိခင်ကောင်း တစ်ယောက် မဖြစ်နိုင် သလို သူမမှာ ကလေး တစ်ယောက်ကို ပြု စု ပျိုးထောင်ပေးဖို့ အချိန်မရှိဘူးလို့ သူမက ဆိုပါတယ်။ ၂၀၁၁ ခုနှစ် ကလည်း New York Times သတင်းဌာနနဲ့ တွေ့ ဆုံမေးမြန်းခန်း မှာ သူမဟာ အသက် ၁၆ နှစ် အရွယ်မှာ ကိုယ်ဝန် ဖျက်ချ ခဲ့ဖူးတယ် လို့ဖြေခဲ့ဖူးပါတယ်။ 


Credit : http://www.starpulse.com/news