Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / ရင်သားတွေ ထပ်မံဖော်ပြပြန်တဲ့ ဟာသ သရုပ်ဆောင် မင်းသမီး Chelsea Handler

ရင်သားတွေ ထပ်မံဖော်ပြပြန်တဲ့ ဟာသ သရုပ်ဆောင် မင်းသမီး Chelsea Handler

| No comment

ကမ္ဘာကျော် ဟာသ သရုပ်ဆောင် အမျိုးသမီး Chelsea Handler ဟာ ရင်သားတွေကို ဖော်ပြရတာ အကျင့် ပါလာခဲ့ပါပြီ။ ပထမ အကြိမ် အစ္စရေးနိုင်ငံမှာ သူမရဲ့ ရင်သားတွေကို စတင်ဖော် ထုတ်ပြ ခဲ့ပြီး နောက် တစ် ကြိမ် ရုရှား သမ္မတ ပူတင်ကို နောက်ပြောင်ဖို့ အတွက်လည်း သူမရဲ့ ရင်သားတွေ ကို ဖော် ထုတ်ပြခဲ့ ဖူး ပါ တယ်။ 
အခုလည်း ဖေဖော်ဝါရီလ အတွင်းမှာ ကျရောက် တဲ့ Mardi Gras ပွဲတော်အတွင်း သူမရဲ့ ရင်သားတွေ ကို ဖော်ပြ လိုက်ပြန်ပါပြီ။ “ကျွန်မဟာ Instagram နဲ့ တိုက်ပွဲ တစ်ခုဖြစ်နေပါတယ်။ ကျွန်မရဲ့ ရင်သားတွေ ကို ဖော်ပြထားတဲ့ ဓါတ်ပုံတွေကို Instagram မှာ သိမ်းထားပါတယ်။ ရင်သားဖော်ပြတာဟာ ညစ်ညမ်းတဲ့ ဓါတ်ပုံ မဟုတ်ပါဘူး။
အမျိုးသားတွေတောင် ရင်သားတွေဖော်ပြနိုင်သေးတာပဲ ကျွန်မတို့ အမျိုးသမီးတွေမှာ လည်း အဲဒီ အခွင့် အရေး ရသင့်ပါတယ်” လို့ သူမကဆိုပါတယ်။ သူမရဲ့  Instagram မှာလည်း “Merry Christmas” လို့ ဘာမှ မဆိုင်တဲ့ ခေါင်းစဉ်နဲ့ ထိုရင်သား ဖော်ပြထားတဲ့ ဓါတ်ပုံကို တင်ထားခဲ့ပါတယ်။ လက်ရှိမှာ သူမဟာ Sandra Bullock , Whitney Cummings , Michael McDonald နဲ့ Kerri Kenney-Silver တို့နဲ့ အတူ New Orleans ကို ခရီး ထွက်နေတယ်လို့ သိရပါတယ်။


Credit : http://www.starpulse.com/news