Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / လူဝင်မှုကြီးကြပ်ရေး ပြသနာတွေကြောင့် ကနေဒါ နိုင်ငံသို့ ၀င်ခွင့်မရခဲ့တဲ့ Chris Brown

လူဝင်မှုကြီးကြပ်ရေး ပြသနာတွေကြောင့် ကနေဒါ နိုင်ငံသို့ ၀င်ခွင့်မရခဲ့တဲ့ Chris Brown

| No comment

R&B အဆိုတော် Chris Brown ဟာ လူဝင်မှု ကြီးကြပ်ရေး ပြသနာတွေကြောင့် ကနေဒါ နိုင်ငံသို့ ၀င်ခွင့်မရ ခဲ့ပဲ သူ့ရဲ့  ကြိုတင် စီစဉ်ထားတဲ့ လက်မှတ်ရောင်း ပြီးသား ရှိုးပွဲတွေကို ပယ်ဖျက်ခဲ့ ရတယ်လို့သိရပါတယ်။ Brown Chris ဟာ သူ့ရဲ့ သူငယ်ချင်း အဆိုတော်တွေဖြစ်တဲ့ Trey Songz ၊ Tyga တို့နဲ့အတူ Montreal နဲ့ Toronto မြို့တွေမှာ “Between The Sheets” ဆိုတဲ့ နယ်လှည့်ဖျော်ဖြေပွဲ တစ်ခုကို ဖျော်ဖြေရန် ကနေဒါနိုင်ငံ ကို ၀င်ရောက် ခဲ့တာဖြစ်ပါတယ်။
 ထိုကိစ္စရပ်နဲ့ ပတ်သက်ပြီး ကနေဒါအစိုးရက သူ့ကို ပေးမ၀င် ခဲ့ကြောင်း နဲ့လာမယ့်နွေရာသီ မှာမှ ကနေဒါ ပရိတ် သတ်တွေ နဲ့ ပြန်လည် ဆုံတွေ့ မယ့် အကြောင်းတွေ ကို Chris Brown က Twitter စာမျက်နှာတွေ မှာ ရေးသားခဲ့ပါတယ်။ ထိုဖျော်ဖြေပွဲ ကို စီစဉ်ခဲ့တဲ့ Live Nation ကုမ္မဏီက လည်း ကနေဒါနိုင်ငံ ရဲ့ လူဝင် မှုကြီး ကြပ်ရေးကို အပြစ်တင်ခဲ့ပါတယ်။ Chris Brown ရဲ့ ကနေ ဒါနိုင်ငံ ကို ၀င်ရောက်ခွင့် မရတဲ့ အဓိ က ပြသနာ ကတော့ ၂၀၀၉ ခုနှစ် က ရည်းစားဟောင်း Rihanna ကို အကြမ်းဖက် ခဲ့တဲ့ မှုခင်း မှတ် တမ်းတွေကြောင့် ပဲဖြစ်ပါတယ်။


Credit : http://www.starpulse.com/news