Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / Christina Aguilera ဟာ သမီးကလေး Summer Rain ကို မိတ်ဆက်ပေးခဲ့ပါပြီ

Christina Aguilera ဟာ သမီးကလေး Summer Rain ကို မိတ်ဆက်ပေးခဲ့ပါပြီ

| No comment

Christina Aguilera ဟာ အမြဲဆိုသလို လူတိုင်းရဲ့ အာရုံစိုက်မှုကို ခံရသူ တစ်ယောက်ပါ။ ဒါပေမယ့် သူဟာ ၇ ပေါင်ခွဲရှိတဲ့ သမီးကလေး Summer Rain ကို ပထမဆုံး အကြိမ်အဖြစ် ပရိတ်သတ်တွေနဲ့ မိတ်ဆက် ပြီးပြီးချင်းမှာပဲ သမီးကလေးဟာ လူတိုင်းရဲ့ စိတ်ဝင်စားမှုကို လျင်လျင်မြန်မြန်ပဲ ရယူခဲ့ပြီး မိခင်ဖြစ်သူရဲ့ အသည်းကျော်လေးဖြစ်လာပါတယ်။ 
၃၄ နှစ် ရှိပြီဖြစ်တဲ့ Aguilera ဟာ သူ နဲ့ Finace’ ရုပ်ရှင် ထုတ်လုပ်သူ Matt Rutler တို့က ၂၀၁၄ ခုနှစ် သြဂတ်စ်လ ၁၆ ရက်နေ့က ပြုလုပ်ခဲ့တဲ့ Summer လေးကို ကြို ဆိုခဲ့တဲ့ အချိန်က အကြောင်း ကို ပြန်လည် စဉ်းစားရင်း “ ကျွန်မ ပြောစရာစကားတောင် ရှာမရဖြစ်ခဲ့ရပါတယ် “ လို့ ပြောကြားခဲ့ပါတယ်။ 
Rutler နှင့် လက်ထပ်ခဲ့ပြီး Aguilera ဟာ Summer လေးနဲ့ အတူတူ ခင်ပွန်းဟောင်းဖြစ်သူ Jordan Bratman နဲ့ရရှိခဲ့တဲ့ ၇နှစ် အရွယ်ရှိပြီဖြစ်တဲ့ သားကြီး Max တို့နဲ့ အတူ အလုပ်တွေရှုပ်နေခဲ့ပြီး “PEOPLE” မဂ္ဂဇင်းရဲ့ ဒီတစ်ပတ်မှာ မျက်နှာဖုံးဆောင်းပါး “Mom Guilt” အမည်အဖြစ် ဖော်ပြခြင်းခံရပြီး အနာဂတ်မှာလဲ ကလေးတွေ အများကြီး ထပ်ယူဦးမယ်လို့ ယူဆရပါတယ်။


Credit : http://www.starpulse.com/news