Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / Demi Moore နဲ့ Orlando Bloom တွဲနေ

Demi Moore နဲ့ Orlando Bloom တွဲနေ

| No comment

အမြဲတမ်း သူမထက် အသက် ငယ်ရွယ်တဲ့ကောင်လေးတွေ ကိုပဲ သဘောကျ တဲ့ Demi Moore ဟာ အခု လည်း သူမထက်ငယ်တဲ့ မင်းသား Orlando Bloom နဲ့ တွဲနေတယ်လို့ သတင်းတွေ ထွက်ပေါ် လာ ပါတယ်။ အသက် ၅၂ နှစ် ရှိနေပြီဖြစ်တဲ့ Demi Moore ဟာ အသက် ၃၈ နှစ်သာရှိသေးတဲ့ Orlando Bloom တို့ဟာ အခမ်းအနား ၊ ပွဲလမ်းသဘင် များစွာကို အတူတကွ သွားရောက် ခဲ့မှုတွေနဲ့ ထိုထွက်ပေါ်လာတဲ့ သတင်းတွေ ကို သက်သေပြလိုက်ပါတယ်။
 သူတို့ စုံတွဲဟာ လော့အိန်ဂျလိစ် မှာ Demi Moore ရဲ့ သမီးဖြစ်သူ Tallulah Willis နဲ့ အတူ ၃ ယောက် ဓါတ်ပုံ တွဲရိုက် ခဲ့ပါတယ်။ ဓါတ်ပုံ ရိုက်ပြီးတဲ့ အခါမှာလည်း သူတို့ ၃ ယောက်ဟာ ဖက်ထားခဲ့ကြတယ်လို့ သိရပါတယ်။ သူတို့ စုံတွဲဟာ ၂ ယောက်လုံးရဲ့ မိတ်ဆွေဖြစ်တဲ့ Jennifer Aniston ရဲ့ အောင်သွယ်ပေးမှုနဲ့ နီးစပ်ခဲ့ကြတာဖြစ်တယ်လို့ သိရပါတယ်။
 သူတို့ စုံတွဲဟာ Yoga ကျင့်ခြင်း မှာ ၀ါသနာ တူကြတယ် လို့လည်း ဗြိတိန် မဂ္ဂဇင်း တစ်ခုဖြစ်တဲ့ Grazia က အခိုင်အမာ ဆိုထားပါတယ်။ Demi Moore ဟာ ၂၀၀၀ ခုနှစ်မှာ Bruce Willis နဲ့ ကွာရှင်းပြီး တဲ့နောက် ၂၀၀၅ ခုနှစ်မှာ Ashton Kutcher နဲ့ လက်ထပ်ခဲ့ပြီး ၂၀၁၃ မှာ ကွာရှင်း ခဲ့တာဖြစ်ပါတယ်။ 


Credit : http://www.starpulse.com/news