Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / အတိတ်က ကျူးလွန်ခဲ့တဲ့ လိင်အကြမ်းဖက်မှု ၆ ခုအတွက် ထောင် တစ်သက်ကျ ခံရမယ့် ပေါ့စတား Gary Glitter

အတိတ်က ကျူးလွန်ခဲ့တဲ့ လိင်အကြမ်းဖက်မှု ၆ ခုအတွက် ထောင် တစ်သက်ကျ ခံရမယ့် ပေါ့စတား Gary Glitter

| No comment

“Do You Wanna Touch Me” ဆိုတဲ့ သီချင်းနဲ့ အောင်မြင်ခဲ့တဲ့ ပေါ့အဆိုတော်ကြီး Gary Glitter ဟာ ယခင်က ကျူးလွန်ခဲ့ဖူးတဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေနဲ့ ပြစ်ဒဏ်ကျ ခံရတော့ မှာပါ။  ပေါ့ အဆိုတော်ကြီးဟာ ၁၉၇၀ နဲ့ ၁၉၈၀ ခုနှစ် ၀န်းကျင် အချိန်တွေမှာ လိင်အကြမ်းဖက်မှု စုစု ပေါင်း ၆ ခုတိတိ ကျူးလွန်ခဲ့တယ် လို့ သိရပါတယ်။
တစ်ခုက နှိပ်စက်ပြီး လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု ၊ ၄ ခုကတော့ သာမန် လိင်ပိုင်းဆိုင်ရာမှာ အကြမ်းဖက်ခဲ့ မှုတွေဖြစ်ပြီး နောက်ဆုံးတစ်ခုက အသက် ၁၃ နှစ် မပြည့်သေးတဲ့ ကလေးငယ် တစ်ယောက်နဲ့ လိင်ဆက်ဆံခဲ့မှု တို့ ဖြစ်ပါတယ်။ ထို ပြစ်မှုတွေအတွက် Gary Glitter ဟာ ထောင်ဒဏ် တစ်သက်တစ်ကျွန်း ကျ ခံရမှာပါ။
မှတ်တမ်းတွေအရ Glitter ဟာ သူ့ရဲ့  အောင်မြင်မှုကို  အသုံးချ ပြီး ငယ်ရွယ်သူ မိန်းကလေးများကို လိင်ပိုင်းဆိုင်ရာ အရ ဆွဲဆောင် ဖျားယောင်း ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ ၁၉၉၉ ခုနှစ်ကလည်း Glitter ဟာ တရားမ၀င်တဲ့ ကလေးသူငယ်များရဲ့ လိင်ပိုင်းဆိုင်ရာ ညစ်ညမ်းပုံတွေကို ကွန်ပျူ တာ တစ်ခုလုံးစာ အပြည့်ရှာဖွေတွေ့  ရှိခဲ့မှု အတွက် အဖမ်းခံ ခဲ့ရပါသေးတယ်။ 


Credit : http://www.starpulse.com/news