Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / ဆေးရုံတက်နေရတဲ့ ဟယ်ရီပေါ်တာဇာတ်လမ်းထဲက Hagrid

ဆေးရုံတက်နေရတဲ့ ဟယ်ရီပေါ်တာဇာတ်လမ်းထဲက Hagrid

| No comment

အများစုက Hagrid လို့သာ သိထားကြတဲ့ ဟယ်ရီပေါ်တာ ဇာတ်လမ်းထဲက သရုပ်ဆောင်ကြီး Robbie Coltrane ဟာ လန်ဒန်ကနေ အော်လန်ဒို ပြန်တဲ့ လေယာဉ် ခရီးစဉ်မှာ နာမကျန်းဖြစ်လာ တာကြောင့် ဆေးရုံတက်ခဲ့ ရတယ်လို့ သိရပါတယ်။
 အသက် ၆၄ နှစ် ရှိနေပြီဖြစ်တဲ့ Robbie Coltrane ဟာ အော်လန်ဒို ကို မပြန်ခင် လန်ဒန် လေဆိပ်မှာ ကတည်းက အရက်တွေ အလွန်အကျွံ  သောက်သုံးထားခဲ့တဲ့ အတွက် အခုလို ဆေးရုံတက်ခဲ့ရတာ ဖြစ်တယ်လို့လည်း အချို့က အခိုင်အမာ ပြောဆိုနေကြပါတယ်။ ထိုသတင်းတွေနဲ့ ပတ်သက်ပြီးတော့လည်း Robbie ရဲ့ ပြောရေးဆိုခွင့် ရှိသူ က ငြင်းဆိုခဲ့ပါတယ်။
 “Robbie ဟာ အရက်သောက် ထားလို့ ဆေးရုံတက်ရတယ် လို့ ပြောတဲ့သူတွေ ကိုတော့ နားမလည်နိုင်တော့ပါဘူး။
 သူဟာ Glasgow လေဆိပ်ကနေ Gatwick လေဆိပ် ကို လေယာဉ်စီးခဲ့ရပါတယ်။ အဲဒီကနေမှ တစ်ဆင့် အော်လန်ဒို ကိုသွားမယ့် လေယာဉ်ကို ပြောင်းစီးရပါတယ်။ သူ့ခရီးစဉ်ဟာ ရာသီဥတု မကောင်းတဲ့ အခြေအနေကြောင့် Glasgow မှာ ကြန့်ကြာနေခဲ့ရပါတယ်။ ပြီးတော့သူဟာ လေဆိပ်တစ်ခုကနေ တစ်ခုကို အချိန်မီ သွားနေရတဲ့အတွက် သူ့ မှာ အရက်သောက်ဖို့ အချိန်မရှိပါဘူး” လို့ Robbie ရဲ့ ပြောရေးဆိုခွင့် ရှိသူ ကဆိုပါတယ်။


Credit : http://www.starpulse.com