Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / အလှကုန်ပစ္စည်းတွေ အများကြီးသုံးပြီး ပြောင်းလဲလိုက်တာကို မကြိုက်ဘူးလို့ဆိုတဲ့ Halle Berry

အလှကုန်ပစ္စည်းတွေ အများကြီးသုံးပြီး ပြောင်းလဲလိုက်တာကို မကြိုက်ဘူးလို့ဆိုတဲ့ Halle Berry

| No comment

ဟောလီးဝုဒ် သရုပ်ဆောင် လူမည်းမင်းသမီး တစ်ယောက်ဖြစ်တဲ့ Halle Berry ဟာ မိတ်ကပ် ပညာရှင် တစ်ယောက်ဖြစ်ပြီး Yahoo ရဲ့ အလှအပရေးရာ အယ်ဒီတာ တစ်ယောက် လည်း ဖြစ်တဲ့ Bobbi Brown နဲ့ အတူ ဟောလီးဝုဒ် မင်းသမီးတစ်ယောက် ရဲ့ နုပျို အောင်နေရတဲ့ ဖိအား တွေ အကြောင်း ကို တွေ့ ဆုံ ဆွေးနွေး ခဲ့ ပါတယ်။
 Bobbi Brown က မိန်းမအများစု အတွက် ရှေ့ဆောင် လမ်းပြတစ်ယောက် အနေနဲ့ အနုပညာသမား တွေဟာ ပရိတ်သတ် အားပေးမှု ရဖို့အတွက် နုပျိုအောင်နေ ထိုင်နိုင်ဖို့ အရေးကြီးပါတယ်။ အများစုကလည်း နည်းမျိုးစုံနဲ့ ပြောင်းလဲ ဖန်တီးယူကြပါတယ်။ သင်ဆိုရင်ရော ဘယ်လို ဖြေရှင်းပါသလဲ လို့ Halle Berry ကို မေးခွန်းထုတ်ခဲ့ပါတယ်။
 Halle Berry က ထိုကိစ္စရပ်တွေဟာ သူမအတွက် အမြဲကြုံ နေရတဲ့ ဖိအားတွေဖြစ်ပြီး ထိုဖိအားတွေ အတွက် သူမပြောင်းလဲမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။သူမဟာ သရုပ်မှန်ကို သာလက်ခံလိုပြီး အလှကုန် ပစ္စည်းတွေ အများကြီးသုံးပြီး ပြောင်းလဲလိုက်တာကို မကြိုက်ဘူးလို့ဆိုပါတယ်။ ဒါ့အပြင် သူမဟာ Lena Horn နဲ့ Jane Fonda တို့လို အသက်အရွယ် ကြီးလာပေမယ့် လှပနေသေး သူတွေကို အားကျ ယုံကြည် တယ်လို့ ဆိုပါတယ်။


Credit : http://www.starpulse.com/news