Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / တရားဝင် ကွာရှင်းတော့မယ့် Hilary Duff

တရားဝင် ကွာရှင်းတော့မယ့် Hilary Duff

| No comment

Hilary Duff ဟာ သူမရဲ့ ခင်ပွန်းဖြစ်သူ Mike Comrie ရဲ့ ကယ်လီဖိုးနီးယားပြည်နယ် Beverly Hill မြို့မှာ အမျိုးသမီးတွေကို အရက်မူးပြီးလိုက်လံ ရိုက်နှက် တိုက်ခိုက်တဲ့ သတင်းထွက်ပေါ်လာပြီး တဲ့နောက်မှာ တရားဝင် ကွာရှင်းဖို့ တောင်းဆိုခဲ့ပါတယ်။ ပြီးခဲ့တဲ့ နွေရာသီက ပဲ အဆိုတော် သရုပ်ဆောင် Hilary Duff ဟာ သူမရဲ့ ခင်ပွန်းနဲ့ ကွာရှင်းဖို့ အကြောင်းကို Billboard ကို ပြောကြားခဲ့ တာကတော့ “ ဖြတ်သန်းဖို့ ခက်ခဲပေမယ့် ကျွန်မ ရဲ့ ခင်ပွန်းနဲ့ တစ်ကယ် ကွာရှင်းပါတော့မယ်။ 
ဒါပေမယ့် ကျွန်မတို့ ၂ ယောက်ဟာ တစ်ယောက်ကို တစ်ယောက် အရမ်းချစ်ခဲ့ကြသလို ချစ်ဖို့ကောင်းတဲ့ ကလေးတစ်ယောက်လည်း ရရှိခဲ့ပြီးပါပြီ” လို့ သူမက ဆိုခဲ့ပါတယ်။ ကွာရှင်းစာချုပ်ထဲမှာတော့ Hilary Duff ဟာ သူတို့ရဲ့ ကွာရှင်းတဲ့နေ့ကို ၂၀၁၃ ခုနှစ် ဇန်န၀ါရီလ အဖြစ်သတ်မှတ်ထားခဲ့ပြီး ကွာရှင်းရတဲ့ အကြောင်းအရင်းကတော့ ကြားထားတဲ့ သတင်းတွေ လွဲမှားနေတာကို တွေ့ခဲ့ရပါတယ်။ 
 TMZ သတင်းဌာနကို ရင်းနှီးသူ တစ်ဦးရဲ့ ပြောကြားချက် အရတော့ Hilary Duff ဟာ Comrie ရဲ့ အရက်သောက်ပြီး ပါတီပွဲတွေ သွားတတ်တဲ့ အမူအကျင့်ကို သဘော မကျတော့တာဖြစ်ပြီး လာမယ့် မတ်လမှာ ၃ နှစ်ပြည့်မယ့် သူမတို့ရဲ့ သားလေး Luca ကို ထိုအကျင့်တွေ ကူးစက်လာမှာလည်း စိုးရိမ်ခဲ့ တာဖြစ်တယ်လို့ သိရပါတယ်။


Credit : http://www.starpulse.com/news