Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / “Jand The Virgin” ရုပ်ရှင်သရုပ်ဆောင် Justin Baldoni ရဲ့ ဘေဘီလေး ရတော့မယ် ဆိုတဲ့အကြောင်း တီထွင်ဆန်းသစ်တဲ့ ကြေညာချက်

“Jand The Virgin” ရုပ်ရှင်သရုပ်ဆောင် Justin Baldoni ရဲ့ ဘေဘီလေး ရတော့မယ် ဆိုတဲ့အကြောင်း တီထွင်ဆန်းသစ်တဲ့ ကြေညာချက်

| No comment

Jane the Virgin “ ရုပ်ရှင် သရုပ်ဆောင် Justin Baldoni ဟာ “ Justin နဲ့ Emily : မျှော်လင့်မထားသော အံ့သြမှု” ဆိုတဲ့ ဗီဒီယိုမှ တစ်ဆင့် သူတို့နှစ်ဦးဟာ ပထမဦးဆုံး ရင်သွေးလေး ကို မျှော်လင့်နေကြတဲ့ အကြောင်း ကြေညာ လိုက်ပါတယ်။ အဲ့ဒီ ဗီဒီယိုကို CW စီးရီးမှ ရုပ်ရှင် အဖွဲ့သားတွေနဲ့ အတူ ရိုက်ကူးခဲ့ တာဖြစ်ပါတယ်။
 သူရဲ့ ဇနီးချော Emily Foxler ဟာ သူတို့ရဲ့ ပထမဆုံး ရင်သွေးလေးကို မျှော်လင့်နေကြောင်း “ Justin နဲ့ Emily : မျှော်လင့် မထားသော အံ့သြမှု” ဆိုပြီး ရိုက်ကူး ထုတ်လုပ်လိုက်တာ ဖြစ်ပါတယ်။ “မကြာခင်ကပဲ ကျွန်တော်တို့ မိသားစုမှာ အံ့သြပျော်ရွှင်စရာ သတင်းကြောင့် ပျော်ရွှင် ခဲ့ရပါတယ်။ ကျွန်တော်တို့ရဲ့ အပျော်တွေ ကို ဒီ ဗီဒီယိုကနေ တစ်ဆင့် အားလုံးကို ဝေမျှလိုက်ပါတယ်” လို့ ဗီဒီယိုခေါင်း စဉ်မှာ ရေးသား ထားပါတယ်။
 ၃၁ နှစ်အရွယ် မင်းသားဟာ သူရဲ့ လုပ်ဖော်ကိုင် ဖက်တွေနဲ့အတူ ရိုက်ကူး ထားတာဖြစ်ပြီး “ ပျော်စရာနှစ်သစ် အဖြစ် ခင်ဗျားတို့ အားလုံးနဲ့ အတွက် လက်ဆောင် တစ်ခုပေးချင်တာပါ” ဆိုပြီး “တစ်နှစ်စာ ပြန်လည် သုံးသပ်ချက်များ” လို့ဆိုတဲ့ သူရဲ့ ဗီဒီယိုကို ဖွင့်ပြပေးခဲ့ပါတယ်။Baldoni ဟာ Jane ရဲ့ မမွေးရသေးတဲ့ ကလေးလေးရဲ့ ဖခင်ဖြစ်သူ Rafael Solano အဖြစ် သရုပ်ဆောင်ထားပြီး Jane နဲ့ အတူတူ ဆရာဝန်ကို သွားရောက်တွေ့ဆုံ တဲ့အခန်းကို ရိုက်ကူး ထားတာဖြစ်ပါတယ်။ ဆရာဝန်အဖြစ် မင်းသမီး Gina Rodrigiez က သရုပ်ဆောင်ပေးထားပါတယ်။



Credit : http://www.starpulse.com/news