Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / Jennifer Lopez နဲ့ ခင်ပွန်းဟောင်း Marc Anthony တို့ဟာ ပြန်ပေါင်းထုပ်တော့မယ့် အလားအလာတွေ ရှိနေ

Jennifer Lopez နဲ့ ခင်ပွန်းဟောင်း Marc Anthony တို့ဟာ ပြန်ပေါင်းထုပ်တော့မယ့် အလားအလာတွေ ရှိနေ

| No comment

၂၀၁၄ ခုနှစ် ဇွန်လမှာ အပြီးသတ် ကွာရှင်းပြတ်စဲခဲ့ ကျတဲ့ ပေါ့ပ် အဆိုတော် Jennifer Lopez နဲ့ ခင်ပွန်းဟောင်း Marc Anthony တို့ဟာ ပြန်ပေါင်းထုပ်တော့မယ့် အလားအလာတွေ ရှိနေတယ်ဆိုတာကို သူတို့ ကိုယ်တိုင်ပဲ လူမှု ကွန်ရက်က တစ်ဆင့် သဲလွန်စပေးလိုက်ပါတယ်။ သူတို့ ၂ ယောက်ရဲ့ အမွှာပူး ကလေးတွေဖြစ်တဲ့ Max နဲ့ Emme တို့ရဲ့   ၇ နှစ်ပြည့်မွေးနေ့ပွဲမှာ သူတို့ ၂ ယောက်ဟာ အတူတကွ ဆင်နွှဲပေး ခဲ့ကြပြီး သူတို့ မိသားစု လေးယောက်ရဲ့ ပျော်ရွှင်ဖွယ် ပုံရိပ်တွေကို လူမှုကွန်ယက်တွေမှာ J.Lo က ပြန်လည်ဝေမျှပေးခဲ့ပါတယ်။
 နိုဝင်ဘာလ တုန်းကလည်း American Idol အစီအစဉ်ရဲ့  ဒိုင်လူကြီး တစ်ယောက်ဖြစ်တဲ့ J.Lo က သူတို့ လင်မယား၂ ယောက်ရဲ့ မိဘ အဖြစ် ရပ်တည် ကြပုံတွေကို ဖွင့်ဟ ပြောဆိုခဲ့ကြဖူးပါတယ်။ “Marc နဲ့ ကျွန်မ ဟာ သူငယ်ချင်းကောင်းတွေ အဖြစ် ဆက်လက် ရှိနေကြပါတယ်။ 
ကလေးတွေ ဟာ သူတို့ရဲ့ အဖေကို မတွေ့ ကြတဲ့အခါ မှာ သူတို့အဖေက သူတို့ကိုချစ်တဲ့ အကြောင်းတွေနဲ့ သူတို့ အဖေ မအားလပ်တဲ့ အကြောင်းတွေကို ကလေးတွေသိဖို့ ပြောပြရမှာက ကျွန်မရဲ့ တာဝန်ပါ။ ကျွန်မ နဲ့ ကလေးတွေနဲ့ အတူမရှိတဲ့ အခါမှာလည်း သူတို့အမေ အလုပ်လုပ်နေတဲ့ အကြောင်းနဲ့ သူတို့အမေက သူတို့ ကို ချစ်တဲ့ အကြောင်းတွေ ပြောပြရမှာက Marc ရဲ့တာဝန်ပါလို့” J.Lo က ပြောခဲ့ပါတယ်။ 


Credit : http://www.lifeandstylemag.com