Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / Jessica Simpson ဟာ ညနေခင်းတွေ့ဆုံပွဲမှာ သူရဲ့သေးသွယ် လှပနေတဲ့ ခန္ဓာကိုယ်အလှ ကို ဖော်ပြခဲ့

Jessica Simpson ဟာ ညနေခင်းတွေ့ဆုံပွဲမှာ သူရဲ့သေးသွယ် လှပနေတဲ့ ခန္ဓာကိုယ်အလှ ကို ဖော်ပြခဲ့

| No comment

Jessica Simpson ဟာ ခင်ပွန်းဖြစ်သူ Eric Johnson နဲ့ အင်္ဂါနေ့ ညက ဒိတ်လုပ်တွေ့ဆုံ ခဲ့ကြစဉ်မှာ သူဟာ သွယ်လျလှပပြီး ဆွဲဆောင်မှု အပြည့် ရှိနေခဲ့ပါတယ်။ နာမည်ကျော် ငွေကြယ်ပွင့်ဟာ သူရဲ့ ဆွဲဆောင် မှုရှိလှတဲ့ ပခုံးအလှကို ဖော်ပြထား အနက်ရောင် လက်ပြတ် အင်္ကျီကို ၀တ်ဆင်ထားပြီး Instagram မှာ သူကိုယ်တိုင် ရိုက်ကူးထားတဲ့ ပုံကို တင်ထားခဲ့ပါတယ်။
 ဓါတ်ပုံပေါ်မှာ “ ကိုယ့်ဆီကိုလာပြီး အလင်းပေးလှည့်ပါ ဘေဘီ” လို့ စာသားတင်ထား ခဲ့ပါတယ်။ ပရိသတ်တွေ အားလုံး သဘောကျ နှစ်ခြိုက်ခဲ့ကြပါတယ်။ ဒါပေမယ့် သူတို့အားလုံး သတိထားမိတာ တစ်ခု ကတော့ သူရဲ့ ဘယ်ဘက် လက်မောင်းပေါ်က ကြီးမားတဲ့ မီးလောင်ဒဏ်ရာပဲ ဖြစ်ပါတယ်။ တစ်ယောက်ကတော့ “ သူ့ရဲ့ အရိုးတွေပေါ်မှာ အသားနည်းနည်းပြည့် စေချင်တယ် ဒါပေမယ့်လည်း သူက ဘယ်လို ကိုယ်အလေး ချိန်နဲ့ပဲ ဖြစ်ဖြစ် ကြည့်လို့ကောင်းပြီး လှပနေတာပါပဲ..အဲ..သူရဲ့ ဒဏ်ရာ ကတော့ အရမ်း သိသာနေတယ် “ လို့ ကွန့်မက်ပေး ထားခဲ့ပါတယ်။ နောက် တစ်ယောက်ကတော့ “ Robert Palmer ဗီဒီယိုထဲက မိန်းကလေး တစ်ယောက်ရဲ့  ပုံလိုပါပဲ “ လို့ ရေးသားခဲ့ပါတယ်။ တတိယမြောက် တစ်ယောက် ကတော့ “ ဒီပခုံးတွေကို ကြည့်လိုက်ပါဦး “ လို့ ရေးထားပါတယ်။ ၃၄ နှစ်အရွယ် Simpson ဟာ သူရဲ့ ချစ်စရာ သမီးငယ်လေး Maxwell, အသက် ၂ နှစ်နဲ့ လ ၂၀ ရှိပြီဖြစ်တဲ့ သားကလေး Ace တို့ရဲ့ အဖြူ အမည်း ပုံလေးကိုလည်း တင်ထားခဲ့ပါတယ်။ “ ကျွန်မ ခင်ပွန်းနဲ့ ညဘက်ဒိတ်မှာ ကျွန်မတို့ရဲ့ ကလေးရဲ့  ပုံကို ကြည်ခဲ့ကြပါတယ်။ အရမ်းချစ်ဖို့ ကောင်းတဲ့ ကလေးလေးတွေပါ..သူတို့နှစ်ယောက် အတွက် ကျွန်မတို့ ဂုဏ်ယူ ၀မ်းမြောက်မိပါတယ်” လို့ လည်း ရေးသားထားခဲ့ပါတယ်။ 


Credit : http://www.starpulse.com/news