Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / Johnny Depp နှင့် Amber Heard တို့ ဒီတစ်ပတ်မကုန်ခင် မင်္ဂလာဧည့်ခံပွဲကို လော့စ်အိန်ဂျလိစ်မှာ ပြုလုပ်ကျင်းပခဲ့ကြပါသတဲ့

Johnny Depp နှင့် Amber Heard တို့ ဒီတစ်ပတ်မကုန်ခင် မင်္ဂလာဧည့်ခံပွဲကို လော့စ်အိန်ဂျလိစ်မှာ ပြုလုပ်ကျင်းပခဲ့ကြပါသတဲ့

| No comment

Johny Depp နဲ့ Amber Heard တို့ဟာ သူတို့ရဲ့ သံယောဇဉ်ကြိုးတွေကို ချည်နှောင်ပြီး ပြီဖြစ်ကြောင်းကို Bahamas မှာ ပြု လုပ်ကျင်းပဖို့ စီစဉ်နေတဲ့ သူတို့ရဲ့ မင်္ဂလာပွဲ မတိုင်ခင် ရက်ပိုင်းအလိုမှာ ကြေငြာခဲ့ပါတယ်။ တစ်နှစ်ကျော်ကြာ တွဲခဲ့ကြတဲ့ ရုပ်ရှင် ကြယ်ပွင့်နှစ်ပွင့်ဟာ ၂၀၁၃ ခုနှစ် အားလပ်ရက်တွေ အပြီး မှာ စေ့ စပ်ခဲ့ကြပါတယ်။
သူတို့ နှစ်ဦးဟာ ၂၀၁၁ ခုနှစ်က ရိုက်ကူးခဲ့တဲ့ “ The Rum Diary” ဇာတ်ကားမှာ စတင်တွေ့ဆုံ ခဲ့ကြ တာဖြစ်ပါ တယ်။ People မဂ္ဂဇင်းက ဖော်ပြချက်အရာ သူတို့ စုံတွဲဟာ အင်္ဂါနေ့ ကပဲ လော့အိန် ဂျလိစ်နေ အိမ်မှာပဲ လက်ထပ်ခဲ့ ကြပါတယ်။ ဘာလို့လဲ ဆိုတော့ သူတို့ရဲ့  Bahamas မှာပြုလုပ်ခဲ့တဲ့ မင်္ဂလာပွဲက U.S ဥပဒေအရ အကျုံး မ၀င်လို့ ထပ်မံ ကျင်းပခဲ့တယ်လို့ ယူဆရပါတယ်။
Depp, ၅၁ နှစ် နှင့် Heard, ၂၈ နှစ်တို့ ဟာ ၄၅ ဧက အကျယ်ရှိတဲ့ “ Pirates of the Caribbean” အဓိက ဇာတ်ဆောင် ရဲ့ ကိုယ်ပိုင်ကျွန်း “ Little Hall’s Pond Cay” မှာ လက်ထပ်ပွဲကို ကျင်းပခဲ့ကြပါတယ်။ လူပေါင်း ၅၀ တက်ရောက် ဂုဏ်ပြု ခဲ့ကြပြီး သူရဲ့ ကိုယ်ပိုင် ကျွန်းလောက် မကျယ်ပြန့်ပေမယ့် 156 ပေ အရှည်ရှိတဲ့ Depp ရဲ့ ကိုယ်ပိုင် အပျော်စီး ရွက်လှေ ကြီး “Vajoliroja” ပေါ်မှာ ဧည့်ခံ ခဲ့တာပါ။
မင်းသားက “ Pirates” ဇာတ်ကားတွေ ရိုက်ပြီးတဲ့နောက် ၂၀၀၄ ခုနှစ်မှာ ဒေါ်လာ 3.6 သန်းဖြင့် ၀ယ်ယူ ထားခဲ့တာဖြစ်ပါတယ်။ Depp မှာ ပြင်သစ် မင်းသမီး Vanessa Paradis နဲ့ရရှိခဲ့တဲ့ သမီးလေး Lily-Rose နဲ့ သားလေး Jack ဆိုပြီး ကလေးနှစ်ယောက် ရှိပါတယ်။ အခု လက်ထပ်ပွဲကတော့ သူ့အတွက် ဒုတိယ အကြိမ်ဖြစ် ပြီး Heard အတွက်တော့ ပထမဆုံး အကြိမ်ဖြစ်ပါတယ်တဲ့။ 


Credit : http://www.starpulse.com/news