Justin Timberlake နဲ့ Jessica Biel တို့ဟာ နောက်ဆုံးမှာတော့ ပြီးခဲ့တဲ့ စက်တင်ဘာကကတည်းက လူတွေအားလုံး သံသယရှိနေကြတဲ့ ဒီစုံတွဲမှာ ပထမဆုံးကလေးငယ် အတွက် မင်းသမီးမှာ ကိုယ်ဝန်ရှိနေတာ လားဆိုတဲ့ အဖြေကို အတည်ပြုပေးခဲ့ပါပြီ။
စနေနေ့ကပဲ ၃၄နှစ်ပြည့် သွားပြီဖြစ်တဲ့ Timberlake နဲ့သူ့ရဲ့ဇနီးသည်တို့ အတူတွဲပြီး Selfie ပုံလေးမှာ Justin က ကိုယ်ဝန်ဆောင်ဇနီးသည်ရဲ့ စူဖြိုးနေပြီဖြစ်တဲ့ ဗိုက်သားကိုအနမ်းပေးနေပုံ ရိုက်ကူးထား တာ ဖြစ်ပါတယ်။
Utah, Park City မှာ ကျင်းပခဲ့တဲ့ Sundance ရုပ်ရှင်ပွဲတော်မှာ ရိုက်ကူးခဲ့တဲ့ ပုံတွေ လို့ ယူဆရပါတယ်။
ဘာလို့လဲဆိုတော့ တောင်တန်းတွေကို ရိုက်ကူးထားတဲ့ လှပတဲ့ပုံတွေကိုလည်း လွန်ခဲ့တဲ့ရက် အနည်းငယ် က လူမှုကွန်ယက် စာမျက်နှာမှာ ဖော်ပြထားခဲ့လို့ဖြစ်ပါတယ်..
“ ကလေးလေးအတွက် ဆုတောင်းပေးကြတဲ့ သူအားလုံးကို ကျေးဇူးတင်ပါတယ်.. ဒီနှစ်အတွက် ကျွန်တော့်အတွက် အကောင်းဆုံးနှင့် အကြီးမား ဆုံး လက်ဆောင်ပါပဲ.. အကြာကြီး မစောင့်နိုင်တော့ပါဘူး… ယောကျာ်းလေးလား မိန်းကလေးလား ခင်ဗျား လည်းမသိဘူး…ကျွန်တော်တို့လည်း မသိပါဘူး…အလောင်းအစားတွေတောင် ဖြစ်နေကြပါတယ်” လို့ ပုံမှာ ခေါင်းစဉ်အဖြစ် ရေးသားထားပါတယ်။
Justin ကသူရဲ့ မိသားစု ဓါတ်ပုံတင်ပြီး အတည်မပြု ခင်ကအထိ ၃၂ နှစ်ရှိပြီဖြစ်တဲ့ Biel ကိုယ်ဝန်ဆောင် တာနဲ့ ပတ်သက်ပြီး ကောလာဟာလတွေ ကတော့ ပြီးခဲ့တဲ့ စက်တင်ဘာလ ကတည်းက ထွက်ပေါ်နေခဲ့တာပါ။
Credit : http://www.starpulse.com/news