Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / K-Pop ကြယ်ပွင့် Ahn Sojin ဟာ မိမိကိုယ်ကိုကိုယ် သေကြာင်းကြံစည်ပြီး ဆုံးပါးသွားခဲ့ပါပြီ!

K-Pop ကြယ်ပွင့် Ahn Sojin ဟာ မိမိကိုယ်ကိုကိုယ် သေကြာင်းကြံစည်ပြီး ဆုံးပါးသွားခဲ့ပါပြီ!

| No comment

ကိုရီးယားပေါ့စတား Wananbe အဖွဲ့မှ Ahn Sojin ဟာ အင်္ဂါနေ့က ကိုယ့်ကိုကိုယ် သေကြောင်းကြံစည် ခဲ့ပါသတဲ့။ သတင်းတွေ အရ “ Project KARA “ တွင် ပါဝင်ခဲ့သူ အသက် ၂၂နှစ်အရွယ် အဆိုတော်ကို Daegu မှာရှိတဲ့ သူ့တိုက်ခန်းရဲ့  ဥယျာယာဉ်ထဲမှာ သတိလစ် မေ့မြောနေတာကို ရှာတွေ့ခဲ့ကြတာပါ။ Sojin ကို ဆေးရုံအမြန် တင်ခဲ့ကြပေမယ့် သေဆုံးသွားခဲ့ကြောင်း ကြေညာခဲ့ကြပါတယ်။
SBS reports မှာ ရဲဋ္ဌာနရဲ့  ပြောပြချက် အရ “ ကျွန်တော်တို့ ရှာဖွေတွေ့ရှိ သလောက်တော့ သေကြောင်း ကြံစည်မှုပဲ ဖြစ်ပါတယ်။ အမှုကို သေချာစစ်ဆေးပြီး သက်သေအထောက် အထားတွေ အရတော့ ကျွန်တော်တို့ အနေနဲ့ သေကြောင်း ကြံစည်မှု အဖြစ် ကောက်ချက် ချထားကြပါတယ်။ မိသားစုဝင်တွေ အတွက်တော့ ခက်ခဲတဲ့ အချိန်ပါ.. အားလုံးကလည်း သူ့ကို ငြိမ်းငြိမ်းချမ်းချမ်း ဖြစ်စေချင်တဲ့ အတွက် ခွဲစိတ် စစ်ဆေးမှုတွေ လုပ်မှာမဟုတ်ပါဘူး” လို့ ပြောကြားသွားပါတယ်။ Sojin ဟာ ၁၀လွှာမှာရှိတဲ့ သူ့အခန်းကနေ ခုန်ချခဲ့တာဖြစ်ပါတယ်။ တာဝန်ရှိသူတွေအနေနဲ့ အခင်းဖြစ်ပွားရာနေရာမှာ သေတမ်းစာ တစ်စောင်မျှ ရှာ မတွေ့ ခဲ့ ပါဘူး။ K-pop အဖွဲ့ မိန်းကလေးအဆိုတော် အဖွဲ့ Kara အဖွဲ့ဝင် တစ်ယောက် အဖြစ် အောင်မြင် ကျော် ကြားအောင် ကြိုးစားခဲ့တာဖြစ်ပြီး စိတ်ကျရောဂါ ခံစားနေခဲ့ ရသူဖြစ်ပါသတဲ့။ DSP entertainment ဟာ Sojin နဲ့ စာချုပ်ချုပ်ဆိုမှု ဆက်လက် မလုပ်ဆောင်ဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပြီး “ ဒီနေ့ကြား ရတဲ့ သတင်း နဲ့ပတ်သက်ပြီး စိတ်မကောင်းဖြစ်ရပါတယ်။ သူ့မိသားစုနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ ကူညီနိုင် သမျှ  အားလုံး အကူအညီပေးသွားမှာပါ “လို့ ပြောကြားသွားပါတယ်။


Credit : http://www.starpulse.com/news